Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

အောက်တိုဘာ ၁၅၊ ၂၀၂၂။ (စနေ)

အောက်တိုဘာ 26, 2022
in အာဏာသိမ်း ဒိုင်ယာရီ
Share on FacebookShare on Twitter

ဒေါ်အောင်ဆန်းစုကြည်ကိုစစ်ကောင်စီကထောင်ဒဏ်သုံးနှစ်ထပ်မံချမှတ်လိုက်တယ်။ဒါကြောင့်သူမရဲ့ထောင်ဒဏ်စုစုပေါင်းဟာဟာအမှုတွေအားလုံးမပြီးပြတ်ခင်မှာပဲ၂၆နှစ်အထိရှိလာပြီ။သူမရဲ့လုံခြုံရေးခေါင်းဆောင်ကိုလဲထောင်ဒဏ်ဆယ်နှစ်ချမှတ်ထားသေးတယ်။ စစ်ကောင်စီဟာဘယ်လောက်ထိယုတ်မာရိုင်းစိုင်းသလဲဆိုရင်ထောင်ဒဏ်ရက်စေ့လို့လွတ်မြောက်တော့မယ့်မန္တလေးမြို့တော်ဝန်ဦးရဲလွင်ကိုအမှုဆင်ပြီးထောင်ထပ်ချဖို့ပြင်ဆင်နေတယ်။သမ္မတကြီးဦးဝင်းမြင့်ရဲ့အမှုတွေအကြောင်းကိုတော့မသိရသေးဘူး။သူ့ကိုဘယ်မှာထိန်းသိမ်းထားတယ်ဆိုတာတောင်မသိရဘူး။သတိထားမိသလောက်သမ္မတကြီးဦးဝင်းမြင့်ရဲ့သတင်းတွေပျောက်ကွယ်နေတာတော်တော်ကြာပြီ။

Related Posts

စစ်အာဏာသိမ်း ၂ နှစ်ကာလ ရီဗျူး
သုံးသပ်ချက်များ

စစ်အာဏာသိမ်း ၂ နှစ်ကာလ ရီဗျူး

ဖေ‌ဖော်ဝါရီ 3, 2023

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ဆိုလျင်...

ဇန်နဝါရီ ၃၀၊ ၂၀၂၃။ (တနင်္လာ)
အာဏာသိမ်း ဒိုင်ယာရီ

ဇန်နဝါရီ ၃၀၊ ၂၀၂၃။ (တနင်္လာ)

ဖေ‌ဖော်ဝါရီ 3, 2023

လာမည့်ဖေဖော်ဝါရီလတစ်ရက်နေ့မှာစစ်တပ်ကအာဏာသိမ်းထားတာတစ်နှစ်ပြည့်မယ်။အဲ့ဒီနေ့တနိုင်ငံလုံးမှာအသံတိတ်သပိတ်လုပ်ဖို့တော်လှန်ရေးအင်အားစုတွေကဆော်သြထားတယ်။စစ်အာဏာသိမ်းပြီးနောက်အသံတိတ်သပိတ်လုပ်တာဒီတကြိမ်နဲ့ဆိုရင်သုံးခေါက်ရှိပြီ။ပြည်သူတရပ်လုံးပါဝင်တဲ့ငြိမ်းချမ်းစွာအန္တရာယ်ကင်းကင်းဆန္ဒထုတ်ဖော်လို့ရတာအသံတိတ်သပိတ်တမျိုးပဲရှိမယ်။တခြားနည်းလမ်းတွေနဲ့ကြိုးစားကြည့်ပြီးသွားပြီ။အောင်မြင်မှုမရခဲ့ဘူး။အသံတိတ်သပိတ်ကတော့ဒီတခေါက်လဲအောင်မြင်လိမ့်ဦးမယ်ထင်တယ်။    

ဇန်နဝါရီ ၂၉၊ ၂၀၂၃။ (တနင်္ဂနွေ)

ဇန်နဝါရီ ၂၉၊ ၂၀၂၃။ (တနင်္ဂနွေ)

ဖေ‌ဖော်ဝါရီ 3, 2023

စစ်ကောင်စီကရွှေးကောက်ပွဲအတွက်နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကိုထုတ်ပြန်လိုက်တယ်။ထိုပဒေရဲ့အနှစ်ချုပ်ကတော့စစ်တပ်လက်ပါးစေကြံခိုင်ရေးပါတီကလွဲပြီးကျန်ပါတီတွေဝင်ရောက်ယှဉ်ပြိုင်လို့မရအောင်ကန့်သတ်လိုက်တာပဲ။တနိုင်ငံလုံးယှဉ်ပြိုင်မယ့်ပါတီတွေအတွက်ရက်ပေါင်းကိုးဆယ်အတွင်းပါတီဝင်တစ်သိန်းရှာခိုင်းပြီးပါတီရန်ပုံငွေသိန်းတစ်ထောင်တင်ခိုင်းတယ်။ပါတီရုံးခန်းတွေကိုလဲမြို့နယ်အားလုံးရဲ့ထက်ဝက်ခန့်မှာဖွင့်ခိုင်းသေးတယ်။ထိုသတ်မှတ်ချက်ကိုပြည့်မှီဖို့ဆိုတာလက်ရှိအချိန်မှာစစ်တပ်ရဲ့လက်ပါးစေကြံခိုင်ရေးပါတီနဲ့ဒေါ်အောင်ဆန်းစုကြည်ရဲ့NLDပါတီတို့သာရှိမယ်။NLDပါတီကစစ်ကောင်စီကပြုလုပ်မယ့်ရွှေးကောက်ပွဲကိုသပိတ်မှောက်ထားတော့ကြံခိုင်ရေးပါတီသာပြိုင်ဖက်ကင်းဖြစ်တော့မှာပေါ့။ပြီးတော့အချိန်မှီမှတ်ပုံတင်ဖို့မပြုလုပ်ရင်ပါတီအဖြစ်ကအလိုလိုပယ်ဖျက်မယ်တဲ့။အချိန်တန်ရင်တနိုင်ငံလုံးမှာကြံခိုင်ရေးပါတီတစ်ခုသာကျန်ခဲ့အောင်ဥပဒေထုတ်လိုက်တဲ့သဘောပါပဲ။စစ်ကောင်စီဟာအခုကတည်းကရွှေးကောက်ပွဲအစွမ်းကုန်ညစ်ပတ်ဖို့ပြင်ဆင်နေတာထင်ရှားနေတယ်။

You can copy without credits to our site. We Need Freedom.

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist