ဒေါ်အောင်ဆန်းစုကြည်ကိုစစ်ကောင်စီကထောင်ဒဏ်သုံးနှစ်ထပ်မံချမှတ်လိုက်တယ်။ဒါကြောင့်သူမရဲ့ထောင်ဒဏ်စုစုပေါင်းဟာဟာအမှုတွေအားလုံးမပြီးပြတ်ခင်မှာပဲ၂၆နှစ်အထိရှိလာပြီ။သူမရဲ့လုံခြုံရေးခေါင်းဆောင်ကိုလဲထောင်ဒဏ်ဆယ်နှစ်ချမှတ်ထားသေးတယ်။ စစ်ကောင်စီဟာဘယ်လောက်ထိယုတ်မာရိုင်းစိုင်းသလဲဆိုရင်ထောင်ဒဏ်ရက်စေ့လို့လွတ်မြောက်တော့မယ့်မန္တလေးမြို့တော်ဝန်ဦးရဲလွင်ကိုအမှုဆင်ပြီးထောင်ထပ်ချဖို့ပြင်ဆင်နေတယ်။သမ္မတကြီးဦးဝင်းမြင့်ရဲ့အမှုတွေအကြောင်းကိုတော့မသိရသေးဘူး။သူ့ကိုဘယ်မှာထိန်းသိမ်းထားတယ်ဆိုတာတောင်မသိရဘူး။သတိထားမိသလောက်သမ္မတကြီးဦးဝင်းမြင့်ရဲ့သတင်းတွေပျောက်ကွယ်နေတာတော်တော်ကြာပြီ။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


