ပြည်သူတွေကူရာကယ်ရာမဲ့စစ်သူပုန်တွေစိတ်ရှိတိုင်းအနိုင်ကျင့်နေတဲ့ဖြစ်ရပ်တစ်ခုဧရာဝတီတိုင်းမှာဖြစ်ပွားခဲ့တယ်။ ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်မှာ အရက်မူးနေတဲ့ ရဲ ၂ ဦးက ကုန်ကားကို ဝင်တိုက်ပြီး သေဆုံးခဲ့လို့ ဖမ်းဆီးခံထားရတဲ့ ကုန်ကားထဲက ပစ္စည်းတွေပြန်ရဖို့အတွက် ရဲစခန်းကို သိန်း ၆၀ ပေးခဲ့ရပါတယ်။
“ ကုန်တင်လာတဲ့ ကားက ဆီဝင်ဖြည့်ဖို့ ဆိုင်ထဲဝင်ချိန်မှာ ရဲနယ်ထိန်း ၂ ယောက်စီးလာတဲ့ ဆိုင်ကယ်က ဝင်တိုက်တာ ကုန်ကားကသူလမ်းအတိုင်းသူကွေ့တာ အဲ့နားကသူတွေလည်းမြင်တယ်။ မောင်းတဲ့သူကတော့ အဲ့နေရာမှာထွက်ပြေးသွားပြီးကုန်ကားပဲအဖမ်းခံလိုက်ရတာဖြစ်တယ်။နယ်ထိန်းရဲ ၂ ဦးက အရက်သောက်ပြီး အရှိန်ပြင်းပြင်းမောင်နှင်ကာ ကားကိုဝင်တိုက်တာကြောင့် သေဆုံးခဲ့လို့ လမ်းမှန်မောင်းလာတဲ့ ကုန်ကားကို ဖမ်းဆီးခဲ့တာဟာဘယ်လိုမှမဖြစ်သင့်ဘူး။
မအူပင်မြို့မှာ စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့က ကုန်ကားတွေကို ဖမ်းမိတဲ့အခါမှာလည်း ခုလိုမျိုး ပိုက်ဆံတောင်းပြီးကုန်ပစ္စည်းတွေကိုပြန်ထုတ်ရလေ့ရှိတယ်။ရဲနဲ့စစ်တပ်ဟာပြည်သူကိုအနိုင်ကျင့်ငွေညစ်ဖို့သပ်သပ်ဖြစ်နေပြီ။