မွန်ပြည်နယ်ကနာမည်ကြီးဘုရားတစ်ဆူဖြစ်တဲ့ကျိုက်ထီးရိုးဘုရားတောင်ခြေကကင်ပွန်းစခန်းမှာပစ်ခတ်မှုတွေဖြစ်ပွားခဲ့တယ်။ကင်ပွန်းစခန်းဆိုတာကျိုက်ထီးရိုးတောင်စတက်မယ့်ဘုရားဖူးတွေစုဝေးရာနေရာဖြစ်တယ်။လူစည်ကားရာနေရာတစ်ခုမှာဘုရားဖူးတွေကိုလူသားဒိုင်းဆန်ဆန်အသုံးချပြီးတပ်စွဲထားတဲ့စစ်ကောင်စီတပ်ကိုတော်လှန်ရေးတပ်ဖွဲ့တွေကအလစ်အငိုက်ဝင်ရောက်ပစ်ခတ်ခဲ့တာပါ၊စစ်တပ်ကလူအုပ်ကြားထဲရမ်းသမ်းပစ်ခတ်မှုကြောင့်ရန်ကုန်ကဘုရားဖူးအမျိုးသမီးသုံးဦးသေဆုံးသွားပြီးပြည်သူ၁၅ဦးခန့်ဒဏ်ရာရရှိသွားတယ်။စစ်ကောင်စီကတော့ထိုသေဆုံးမှုကိုထုံးစံအတိုင်းPDFတွေအပေါ်အပစ်ပုံချခဲ့ပေမယ့်မျက်မြင်သက်သေတွေရဲ့ပြောကြားချက်အရတိုက်ပွဲပြီးသွားတဲ့အချိန်မှာတောင်စစ်တပ်ကဆက်တိုက်ရမ်းသမ်းပစ်ခတ်နေလို့ပြည်သူတွေထိခိုက်သေဆုံးရတာလို့သိရတယ်။အကြမ်းဖက်စစ်ကောင်စီကပြောသမျှကိုလဲဒီအချိန်မှာဘယ်သူမှမယုံကြတော့ဘူး။
တိုင်းပြည်မငြိမ်မသက်ဖြစ်နေချိန်တော်လှန်ရေးကာလမှာဘုရားဖူးပဲဖြစ်ဖြစ်အပျော်ခရီးထွက်ခြင်းဟာလုံခြုံမှုမရှိဘူးဆိုတာဒီဖြစ်ရပ်ကပြသလိုက်တာပဲ။ဒါပေမယ့်လဲမြန်မာလူမျိုးတွေရဲ့ဓလေ့အရအပျော်ကိုအသက်နဲ့ရင်းပြီးရှာကြဦးမှာပဲ။