သူရဦးရွှေမန်းရဲ့ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီကိုဖျက်သိမ်းတော့မယ်လို့ကြေငြာလိုက်တယ်။ဦးရွှေမန်းဟာအရင်စစ်အစိုးရလက်ထက်ကဦးသန်းရွှေပြီးရင်အကြီးဆုံးဗိုလ်ချုပ်ကြီးတစ်ဦးဖြစ်ခဲ့ပြီးဦးသိန်းစိန်အစိုးရလက်ထက်မှာဒေါ်အောင်ဆန်းစုကြည်နဲ့ရင်းနှီးတဲ့ဆက်ဆံရေးရှိသူဖြစ်တယ်။သူ့ရဲ့ပါတီကို၂၀၁၉မှာတည်ထောင်ပြီးရွှေးကောက်ပွဲဝင်ပြိုင်ခဲ့ပေမယ့်တစ်နေရာမှအနိုင်မရခဲ့ဘူး။အခုတော့ပါတီကိုဖျက်သိမ်းဖို့လုပ်နေပြီ။
သူရဦးရွှေမန်းဟာလက်ရှိစစ်ခေါင်းဆောင်မင်းအောင်လှိုင်ထပ်များစွာဝါကြီးပြီးမင်းအောင်လှိုင်နဲ့ဆက်ဆံရေးမကောင်းခဲ့ဘူး။ဒါကြောင့်စစ်ကောင်စီကပြုလုပ်မယ့်လာမယ့်နှစ်ရွှေးကောက်ပွဲမှာအောက်ကျို့ပြီးဝင်မပြိုင်ချင်တာကြောင့်နဲ့ဝင်ပြိုင်လဲတရားမျှတမှုမရှိနိုင်တာကြောင့်ပါတီကိုဖျက်သိမ်းလိုက်တာလို့ယူဆရတယ်။သူရဲ့ဆုံးဖြတ်ချက်ကလက်ရှိအချိန်မှာမှန်ကန်တယ်လို့ပြောလို့ရတယ်။
ဗိုလ်ချုပ်ကြီးဟောင်းဖြစ်တဲ့သူရရွှေမန်းကတော့မှန်ကန်တဲ့လမ်းကိုရွှေးချယ်လိုက်ချိန်မှာ၈၈ကျောင်းသားခေါင်းဆောင်ဟောင်းအဖြစ်နာမည်ကြီးခဲ့တဲ့ဦးကိုကိုကြီးနဲ့သူရဲ့ပါတီကတော့စစ်တပ်လော်ဘီလက်ကိုင်တုတ်နီးနီးဖြစ်နေပြီ။ဦးကိုကိုကြီးဟာအခုNUCCရောက်နေတဲ့ဦးမင်းကိုနိုင်တို့နဲ့အတူစစ်အာဏာရှင်ဆန်းကျင်ရေးမှာနာမည်ကြီးခဲ့သူတစ်ဦးဖြစ်ခဲ့ပေမယ့်အခုချိန်မှာတော့ဖက်ဆစ်စစ်တပ်ရဲ့အကြမ်းဖက်မှုတွေအကြောင်းတစ်လုံးမှမပြောတော့ပဲငြိမ်းချမ်းရေးလိုလားသလိုလိုဘာလိုလိုနဲ့စစ်ကောင်စီကကျင်းပမယ့်ရွှေးကောက်ပွဲကိုလဲဝင်ပြိုင်လိမ့်ဦးမယ်။လူတိုင်းဟာကိုယ့်လမ်းကိုယ်ရွှေးချယ်ကြရတာပဲ။ဦးကိုကိုကြီးရဲ့နိုင်ငံရေးပါဝါကတော့ပြည်သူတွေကြားအခုချိန်မှာသေဆုံးသွားခဲ့ပြီ။