ပြီးခဲ့တဲ့တလလုံးတိုက်ပွဲတွေပြင်းထန်ခဲ့တဲ့ရခိုင်ပြည်နယ်မှာဒီလထဲအနည်းငယ်ငြိမ်သက်သွားသလိုထင်ရပေမယ့်ဒီရက်ပိုင်းအတွင်းမောင်တောမြို့မြောက်ပိုင်းမှာအေအေကစစ်တပ်စခန်းတစ်ခုကိုထပ်မံတိုက်ခိုက်သိမ်းပိုက်လိုက်တယ်။စခန်းသိမ်းတိုက်ပွဲကတစ်နာရီခန့်သာကြာလိုက်ပြီးသုံ့ပန်း၁၄ယောက်နဲ့တကွလက်နက်ခဲယမ်းတွေပါသိမ်းဆည်းရမိတယ်။အေအေအတွက်တော့စခန်းတွေသိမ်းနိုင်လာတာနဲ့အမျှစစ်တပ်ဘက်ကလက်နက်ခဲယမ်းတွေပါရနေတော့ငါးကြင်းဆီနဲ့ငါးကြင်းပြန်ကြော်နေသလိုမျိုးအဆင်ပြေနေတယ်။
စစ်ကောင်စီဖက်ကလဲရခိုင်ပြည်နယ်မှာတပ်အင်အားအပြောင်းအရွှေ့တွေအတွက်အရပ်သားရေယာဉ်တွေကိုပါအတင်းအကြပ်အသုံးပြုလျက်ရှိတယ်။အခုဆိုရင်ပြည်သူတွေသွားလာရေးအဆင်ပြေစေဖို့ဂျပန်ကလှူထားတဲ့ရေယာဉ်တွေကိုပါစစ်ရေးအတွက်အသုံးပြုနေတာကြောင့်လူ့အခွင့်အရေးအဖွဲ့တွေကဂျပန်နိုင်ငံကိုသတိပေးလျက်ရှိတယ်။လက်ရှိမြန်မာအရေးမှာဂျပန်နိုင်ငံဟာအရင်လိုပြည်သူဘက်ပြတ်ပြတ်သားသားမရပ်တည်တော့ပဲစစ်ကောင်စီနဲ့အလိုက်သင့်နေတဲ့ပုံစံမျိုးတွေတွေ့မြင်နေရတယ်။