NUGကမနေ့ကလက်ခမောင်းခတ်ပြောကြားခဲ့တာကိုဂုဏ်ပြုတဲ့အနေနဲ့တနိုင်ငံလုံးကတန်ခိုးကြီးဘုရားတွေ၊အပန်းဖြေစရာနေရာတွေမှာပြည်သူတွေတိုးကြိတ်ပြီးလည်ပတ်ကြတယ်။ဒီနေ့ဟာသတင်းကျွတ်လပြည့်နေ့ဆိုပေမယ့်အာဏာသိမ်းပြီးနောက်ပိုင်းအခါကြီးရက်ကြီးတွေမှာလူတွေစည်ကားနေတာဒီတကြိမ်အများဆုံးပဲ။ဘုရားတွေမှာ၊ကမ်းခြေတွေမှာ၊အပန်းဖြေစရာနေရာတွေမှာတိုးမပေါက်အောင်စည်ကားနေတယ်။အဝေးပြေးလမ်းမတွေလဲပိတ်ဆို့သွားတဲ့အထိပဲ။ဟိုးအရင်ငြိမ်းချမ်းစဉ်ကာလတွေကအခြေအနေတွေကိုတောင်သတိရမိသေးတယ်။
တချို့တွေကပြည်သူတွေသွေးအေးသွားကြပြီလားလို့တွေးကြတယ်။တကယ်ကလူတွေဟာမွန်းကြပ်လွန်းလို့ဒီချိန်မှာထွက်ပေါက်ရှာတဲ့အနေနဲ့လည်ပတ်ကြတာလို့ထင်မိတယ်။အများစုကတော့မြို့နေအခြေခံလူတန်းစားတွေပါပဲ။နယ်ဘက်တွေမှာရွာတွေမီးရှို့ခံရ၊လူတွေသတ်ဖြတ်ခံနေရပေမယ့်ဒီအကြောင်းတွေကိုမြို့နေလူတန်းစားတွေသိပ်မသိကြတော့ဘူး။အင်တာနက်အသုံးပြုခတွေစျေးကြီးနေတာကြောင့်သတင်းအချက်လက်တွေမစီးဆင်းတော့တာလဲပါသလိုထိုကိစ္စတွေကိုမြို့နေလူတန်းစားတွေကကိုယ်တိုင်မကြုံရသေးတော့မြင်ရကြားရတာရိုးသွားတာလဲပါမှာပေါ့။
တကယ်ခံနေရတာကတော့တောသူတောင်သားတွေပဲ။ဒီလိုနေ့မျိုးမှာလည်ပတ်နေဖို့နေနေသာသာနေစရာအိမ်တောင်မရှိကြတော့ဘူး။ဒီနိုင်ငံမှာအထက်ပါအတိုင်းလူတန်းစားနှစ်ရပ်တဖြည်းဖြည်းကွဲလာတယ်။အကုန်လုံးကိုနားလည်ပေးနိုင်ဖို့ဆိုတာကတော့တော်တော်ခက်လိမ့်မယ်။စစ်ပွဲတွေမြို့ပြပေါ်ရောက်လာမှပဲအားလုံးတန်းတူပြန်ဖြစ်သွားလိမ့်မယ်။