NUGကသတင်းစာရှင်းလင်းပွဲထပ်လုပ်တယ်။စစ်ကောင်စီကိုနိုင်ငံရေး၊စီးပွားရေး၊စစ်ရေးစသဖြင့်စစ်မျက်နှာခြောက်ခုသတ်မှတ်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း၊အဆုံးသတ်တိုက်ပွဲကာလကိုတစ်နှစ်လို့သတ်မှတ်ထားကြောင်း၊လေယာဉ်ပစ်လက်နက်တွေရှိနေပြီဖြစ်ကြောင်း၊တစ်နိုင်ငံလုံးကိုမဖြန့်ကျက်နိုင်သေးပေမယ့်ထိုလက်နက်တွေတပ်ဆင်ထားတဲ့နေရာတွေကိုလေကြောင်းတိုက်ခိုက်မှုပြုလုပ်လာပါကပစ်ချမည်ဖြစ်ကြောင်း၊မဟာမိတ်တွေနဲ့စစ်ရေး၊နိုင်ငံရေးသဘောတူညီချက်တွေရရှိထားပြီဖြစ်ကြောင်းစသဖြင့်အချက်အလက်စုံစုံလင်လင်နဲ့ပြောကြားသွားတယ်။ဒါပေမယ့်အခုသတင်းစာရှင်းလင်းပွဲမှာပြောသွားတာတွေကပီးခဲ့တဲ့လD DAY တနှစ်ပြည့်မှာယာယီသမ္မတနဲ့ကာဝန်တို့ပြောသွားတာတွေနဲ့သိပ်မကွာလှဘူး။လိုင်းပေါ်မှာတော့အားရစရာတွေပြောသွားပေမယ့်လဲမြေပြင်မှာတော့ထူးခြားမှုတွေသိပ်မရှိလှဘူး။
အခုနောက်ပိုင်းNUGပြောသမျှတွေကိုအများကြီးမမျှော်လင့်တော့ဘူး။ဗလောင်းဗလဲတွေပြောနေတာမျိုးမဟုတ်ပေမယ့်ပြည်သူတွေရဲ့မျှော်လင့်ချက်ကိုလက်တွေ့မပါပဲဆွဲဆန့်နေတယ်လို့ပဲခံစားရတယ်။ဥပမာပြောရရင်လေယာဉ်ပစ်လက်နက်တွေစတင်တာဝန်ထမ်းဆောင်နေပြီလို့NUGပြောခဲ့တာနှစ်လခန့်ရှိနေပြီ။ဒီနှစ်လအတွင်းမှာစစ်တပ်ကတနိုင်ငံလုံးနီးပါးလေကြောင်းတိုက်ခိုက်မှုတွေကြိမ်ရေများစွာပြုလုပ်ခဲ့ပေမယ့်အထက်ပါလက်နက်တွေသုံးလိုက်တယ်ဆိုတာမျိုးတစ်ကြိမ်မှမတွေ့ခဲ့ရဘူး။ထိုကဲ့သို့NUGကပြောခဲ့သမျှမြေပြင်မှာသိသာထင်ရှားတဲ့ရလဒ်မျိုးမရှိတာတွေအများကြီးပဲ။
ရှေ့မှာပွင့်လင်းရာသီရောက်လာပြီ။စစ်တပ်ကမနှစ်ကလိုမျိုးအင်တိုက်အားတိုက်ထိုးစစ်မဆင်နိုင်တော့ဘူး။ဒီချိန်မှာNUG အနေနဲ့စစ်ရေးမှာတစ်ခုခုလုပ်ပြနိုင်ပါစေလို့ပဲဆုတောင်းမိတယ်။