စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ရှိ လမ်းပိုင်းသုံးခုကို စစ်ကောင်စီတပ်က နှစ်ရက်ဆက်ဖျက်ဆီးသွားတယ်။မုံရွာတောင်နယ်နှင့်ချောင်းဦးမြို့နယ်နေပြည်သူများ အားထားနေရတဲ့ မုံရွာ-အမြင့်လမ်းကို အောက်တိုဘာလ ၄ ရက်နေ့မှာ စစ်ကောင်စီတပ်က စစ်ကားကြီးတစ်စီး၊ အိမ်စီးကားတစ်စီး အင်အား၃၀ခန့်ဖြင့် ရောက်လာပြီးထိုလမ်းပေါ်ရှိ ညောင်ပင်ဇောက်ရပ်ကွက်တောင်ဘက်အထွက် ကျောက်ပေါက်ကွေ့မှာ ကားလမ်းကိုမြေကော်စက်(ဘူဒိုဇာ)ဖြင့် ထိုးကော်ကာဖျက်ဆီးတော့တယ်။တံတားတစ်စင်းစာခန့် ထိုးကော်ကာဖျက်ဆီးသွားလို့ ကားအစ ဆိုင်ကယ်အဆုံး မည်သည့်ယာဉ်မှ ဖြတ်သန်းလို့မရတော့ဘူး။
မနေ့ကလဲ မုံရွာ-အမြင့်လမ်းပေါ်ရှိ ညောင်ပင်စောက်တောင်အထွက်နေရာကိုစစ်ကောင်စီတပ်က ဘူဒိုဇာဖြင့် ထပ်မံလာရောက်ဖျက်ဆီးပြန်တယ်။ထိုနေရာကိုအောက်တိုဘာလ၄ရက်နေ့ကပထမအကြိမ်လာရောက်ဖျက်ဆီးသွားပြီးနောက်ပြည်သူများကလမ်းကိုပြန်လည်ပြုပြင်ခဲ့ကြ၍ဒုတိယအကြိမ်လာရောက်ဖျက်ဆီးခြင်းဖြစ်တယ်။ဒုတိယအကြိမ်မှာယခင်ထက်ပိုဆိုးအောင်ဖျက်ဆီးသွားပြီးလမ်းကိုပြန်ပြင်ပါကအရေးယူမည်ဟုလည်းခြိမ်းခြောက်သွားသေးတယ်။အလားတူ မုံရွာမြို့နယ်၊ လယ်ဇင်ကျေးရွာမှာလဲရွာထိပ်ဆိုင်းဘုတ်အနီးမှာ ရွာလမ်းကိုဘတ်ဖိုးဖြင့်ထိုးကာအကျယ်ဆယ်ပေခန့်ဖျက်ဆီးသွားခဲ့ပြန်တယ်။အများပြည်သူသွားလာနေသည့်လမ်းကိုပင်ရည်ရွယ်ချက်ရှိရှိဖျက်ဆီးသွားလို့စစ်ကောင်စီရဲ့လုပ်ရပ်များအပေါ်ပြည်သူတွေ ပိုမိုစက်ဆုတ်လာကြတယ်။
ဒီလမ်းတွေက အဓိက မုံရွာတောင်ဘက်အထွက် အဝင်မှာ ပြည်သူတွေ အဆင်ပြေသလို ရှောင်ကွင်းသွားကြတဲ့လမ်းတွေပါ။ ဒီလမ်းတွေကို ဖျက်လိုက်တော့ မုံရွာကို တောင်ဘက်က အဝင်အထွက် လုပ်မယ်ဆိုရင် မုံရွာ-မန္တလေးလမ်းမကြီးကိုပဲ စစ်ခွေးတွေက အသုံးပြုကြစေချင်ပုံရတယ်။ အများပြည်သူသွားလာနေတဲ့လမ်းတွေဖျက်ဆီးခံထားရလိုံ ကုန်ရောင်းကုန်ဝယ်ကအစ ကျန်းမာရေးကိစ္စအဆုံး သွားရေးလာရေးခက်ခဲနေကြတယ်။စစ်ကောင်စီက အလုံးစုံပျက်စီးရေးကို ဦးတည်နေပါပြီ။ပြည်သူများအားလုံး ဒီထက်ပိုပြီး စည်းလုံးကြဖို့ လိုနေပြီ။