မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုကြောင့် Puma Energy ကုမ္ပဏီက စက်သုံးဆီနှင့်လေယာဉ်ဆီ တင်သွင်းရောင်းချမှုဆိုင်ရာ ရင်းနှီးမြုပ်နှံမှု လုပ်ငန်းများ ရောင်းချပြီး အပြီးအပိုင် ထွက်ခွာပြီဟု ထုတ်ပြန်ကြေညာလိုက်တယ်။ မြန်မာစစ်တပ်ကို လေယာဉ်ဆီ အဓိကတင်ပို့နေတဲ့ Puma စွမ်းအင်ကုမ္ပဏီက သူပိုင်အစုရှယ်ယာတွေ ကို ပြည်တွင်း ပုဂ္ဂလိကကုမ္ပဏီတစ်ခုထံ ရောင်းချရန် သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးလိုက်ပြီ ဖြစ်ကြောင်း ထုတ်ပြန်ထားတာဖြစ်ပါတယ်။ Puma ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေထဲမှာ သီလဝါဆိပ်ကမ်းမှာရှိတဲ့ မြန်မာနိုင်ငံရဲ့ အကြီးဆုံး လောင်စာဆီ တင်သွင်းတဲ့ဂိတ်နဲ့လေယာဉ်ဆီတင်သွင်းတဲ့ လုပ်ငန်းတွေလည်း ပါဝင်တယ်။ Puma က တင်သွင်းလာတဲ့ လေယာဉ်ဆီတွေဟာ အကြမ်းဖက်စစ်တပ်ရဲ့ မြန်မာပြည်သူတွေအပေါ် လေကြောင်းတိုက်ခိုက်ရာမှာ အသုံးပြုတဲ့ လောင်စာတွေအဖြစ်အဆုံးသတ်ခဲ့တယ်လို့လူ့အခွင့်အရေးစောင့်ကြည့်သူတွေနဲ့အရပ်ဘက်အဖွဲ့အစည်းတွေက ဝေဖန်ပြစ်တင်နေခဲ့တာပါ။အကြမ်းဖက်စစ်တပ်က အာဏာသိမ်းယူပြီးနောက် ပြန်လည်ထွက်ခွာသွားတဲ့ စွမ်းအင်ကုမ္ပဏီတွေထဲမှာ Chevron နဲ့ Total ပြီးရင် Puma Energy ဟာ နောက်ဆုံးကုမ္ပဏီပါ။