စစ်တပ်လက်အောက်ခံပါတီကြီးဖြစ်တဲ့ကြံခိုင်ရေးပါတီညီလာခံပြုလုပ်လျက်ရှိတယ်။အခုညီလာခံမှာခေါင်းဆောင်တွေပြန်ရွှေးမှာဖြစ်ပြီးလက်ရှိဥက္ကဌဦးသန်းဌေးကဆက်မလုပ်တော့ဘူးလို့ကြေငြာထားတယ်။ညီလာခံဆုံးဖြတ်ချက်အရလဝကဝန်ကြီးဟောင်ဦးခင်ရီကဥက္ကဌဖြစ်လာတယ်။ ယခု ကြံ့ခိုင်ရေးပါတီ ခေါင်းဆောင်ပိုင်းအပြောင်းအလဲနှင့်ပတ်သက်ပြီး အာဏာသိမ်းစစ်ခေါင်းဆောင် လိုလားသည့်အမာခံများဖြင့် ပြန်လည်အစားထိုးကာမိုးကျရွှေကိုယ်တပ်ပိုင်းအရာရှိများပါတီမှာပိုမိုနေရာယူပါဝင်လာတယ်။ခင်ရီကိုပါတီခေါင်းဆောင်အဖြစ်မင်းအောင်လှိုင်ပဲတင်ထားတာပါ။
လက်ရှိဥက္ကဌဖြစ်လာတဲ့ခင်ရီဟာအမျိုးသားရေးအစွန်းရောက်တစ်ဦးအဖြစ်နာမည်ကြီးသူဖြစ်ပြီးမင်းအောင်လှိုင်ကိုအပြည့်အဝသစ္စာခံထားတယ်။မင်းအောင်လှိုင်ဟာကြံခိုင်ရေးပါတီကိုသူ့စိတ်တိုင်းကျပုံသွင်းပြီးစစ်တပ်ရဲ့အရံအင်အားအဖြစ်အသုံးချလို့ရအောင်လုပ်ဆောင်နေတယ်။