နိုင်ငံတဝန်းမှာတရားဥပဒေစိုးမိုးမှုမရှိတော့လောင်းကစားအလုပ်တွေပေါများလာတယ်။နယ်မြို့တွေမှာဆိုစစ်ကောင်စီလက်အောက်ခံရဲတွေကိုယ်တိုင်လောင်းကစားဝိုင်းတွေကိုတရားဝင်ပုံစံမျိုးခွင့်ပြုလာကြတယ်။သူ့တို့အတွက်လဲဆက်ကြေးသဘောမျိုးရတော့ဝင်ငွေရွှင်တယ်လေ။ကြက်ဝိုင်း၊ဖဲဝိုင်းစသဖြင့်မျိုးစုံပဲ။လူတွေကလဲဝင်ငွေမရှိတော့ထွက်ပေါက်တစ်ခုအနေနဲ့လောင်းကစားဘက်ကိုပိုအားသန်လာကြတယ်။ရပ်ကွက်ထဲမှာဆိုနေ့စဉ်နှစ်လုံးသုံးလုံးထိုးတဲ့သူတွေပိုများလာတယ်။အရေးယူရမယ့်ရဲတွေကိုယ်တိုင်ကလွတ်ပေးထားတော့ပျော်ပျော်ပါးပါးလောင်းကစားလုပ်နေကြတာပေါ့။
စစ်ကိုင်တိုင်း၊ချင်းတွင်းမြစ်ထဲမှာလဲမြစ်ကြောင်းတစ်လျှောက်ဓားမြတိုက်နေတဲ့အဖွဲ့ကိုPDFတွေဖမ်းဆီးလိုက်ရတယ်။ခေတ်မကောင်းတဲ့အချိန်မှာထလာတတ်တဲ့တချို့တောကြောင်တွေကိုနယ်မြေစိုးမိုးမှုရယူထားတဲ့PDFတွေပဲတာဝန်ယူဖြေရှင်းပေးနေရတယ်။စစ်ကိုင်းတိုင်းထဲကတချို့ဒေသတွေမှာတော့အာဏာလေဟာနယ်ဖြစ်ပေါ်နေတာကိုအခွင့်ကောင်းယူပြီးမသမာသူတွေကဒုစရိုက်မှုတွေကျူးလွန်နေကြတယ်။