ကယားပြည်နယ်မြို့တော်လွိုင်ကော်လေဆိပ်မှာဆင်းလာတဲ့ခရီးသယ်တင်လေယာဥ်တစ်စီးသေနတ်နဲ့အပစ်ခံလိုက်ရတယ်။လေယာဥ်ပေါ်ပါလာသူတစ်ကျည်ထိမှန်ဒဏ်ရာရသွားတယ်။ဘယ်အဖွဲ့အစည်းကပစ်တာလဲ၊လေပေါ်မှာရှိနေတုန်းအပစ်ခံရတာလား၊မြေပြင်ရောက်မှအပစ်ခံရတာလားရှင်းရှင်းလင်းလင်းမသိရဘူး။ကယားပြည်နယ်မှာKNDFတွေကနယ်မြေအတော်များများတွေကနယ်မြေအတော်များများကိုစိုးမိုးထားတော့စစ်ကောင်စီကသူပုန်တွေလုပ်တာပါလို့လွှဲချတယ်။ဒါပေမယ့်လွိုင်ကော်လေဆိပ်ပတ်ဝန်ကျင်တစ်ခုလုံးကိုစစ်တပ်ကလုံခြုံရေးတင်းကျပ်ထားတယ်။ယုတ္တိကျကျတွေးကြည့်ရင်လဲလေပေါ်မှာရှိနေတဲ့လေယာဥ်ကိုသေနတ်နဲ့ထိမှန်အောင်ပစ်နိုင်ဖို့လုံးဝမဖြစ်နိုင်ဘူး။မြေပြင်ရောက်မှအပစ်ခံရရင်တော့စစ်တပ်ကသူ့လေယာဥ်သူပစ်တာပဲဖြစ်မှာပဲ။ပီးရင်ခရီးသယ်တင်လေယာဥ်ကိုသူပုန်တွေပစ်ပါတယ်ဆိုပြီးဒေသခံကာကွယ်ရေးအဖွဲ့တွေကိုနာမည်ဖျက်ဖို့လုပ်ကြံတာပဲဖြစ်နိုင်တယ်။စစ်ကောင်စီဟာယုတ်မာရိုင်းစိုင်းတဲ့နည်းလမ်းပေါင်းစုံသုံးပြီးတော်လှန်ရေးကိုနာမည်ဖျက်မှေးမိန်သွားအောင်လုပ်ဖို့အမျိုးမျိုးကြိုးစားနေတယ်။
ဇူလိုင် ၂၁၊ ၂၀၂၄။ (တနင်္ဂနွေ)
တရုတ်ရဲ့ဖိအားပေးမှုကြောင့်ကိုးကန့်တပ်တော်MNDAAကဒီလကုန်ထိအပစ်ရပ်ဦးမယ်လို့ကြေညာလိုက်ပါတယ်။ပြီးခဲ့တဲ့ရက်တွေကလဲတရုတ်မှာညီလာခံရှိလို့ဆိုပြီးလေးရက်ကြာတဖက်သတ်အပစ်ရပ်ပြီးပြီ။အခုလဲထပ်ပြီးအပစ်ရပ်ရဦးမယ်တဲ့။ တရုတ်ဟာ၁၀၂၇စစ်ဆင်ရေးအပိုင်း၂ဆင်နွဲနေတဲ့မြောက်ပိုင်းမဟာမိတ်တပ်တွေကိုနည်းလမ်းမျိုးစုံသုံးပြီး ဖိအားပေးနေပါတယ်။MNDAAအဖွဲ့လားရှိုးကိုစတိုက်တဲ့ဇူလိုင်၃ရက်နေ့ကစပြီးလောက်ကိုင်မြို့ကိုလျပ်စစ်မီးတွေဖြတ်တောက်ခဲ့တယ်။ဒါ့အပြင်MNDAAထိန်းချုပ်ထားတဲ့နယ်စပ်ကုန်သွယ်ရေးဂိတ်တွေကိုလဲတရုတ်ဘက်ကပိတ်ပစ်ခဲ့တယ်။အခုလဲမကြာခဏအပစ်ရပ်ခိုင်းနေပြန်ပြီ။ တရုတ်ဟာတော်လှန်ရေးအဖွဲ့တွေဘက်ရောစစ်ကောင်စီဘက်ကိုပါပြိုင်တူဖိအားပေးပြီးသူလိုချင်တဲ့လမ်းကြောင်းကို ရောက်အောင်ပုံသွင်းနေပါတယ်။စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကိုလဲ...