မွန်ပြည်နယ်နဲ့ပဲခူးတိုင်းအစပ်စစ်တောင်းတံတားနားကတိုးဂိတ်မှာစစ်ကောင်စီကXray စက်ကြီးတွေနဲ့ဖြတ်သန်းသမျှမော်တော်ယာဥ်တွေအားလုံးကိုအသေးစိတ်စစ်ဆေးနေလို့နေ့စဥ်နဲ့အမျှယာဥ်ကြောတွေပိတ်ဆို့နေပြီးကားတန်းရှည်ကြီးဖြစ်နေတယ်။ကရင်ပြည်နယ်ထဲကလက်နက်တွေပဲခူးနဲ့ရန်ကုန်ဘက်ရောက်လာမှာစိုးလို့အခုလိုအသေးစိတ်စစ်ဆေးနေတာဖြစ်တယ်။စစ်ကောင်စီကရှေ့နောက်မကြည့်ပဲလုပ်ချင်ရာလုပ်နေတာကြောင့်ကုန်စည်စီးဆင်းမှုတွေနှေးကွေးကုန်ပြီးခရီးသွားတွေအကုန်ဒုက္ခရောက်ကုန်တာပေါ့။
ရန်ကုန်မန္တလေးအမြန်လမ်းမပေါ်မှာလဲထိုနည်းတူပဲ။စစ်ဆေးရေးဂိတ်တွေများပြားစွာချထားတာကြောင့်အမြန်လမ်းမှာအရင်လိုမြန်မြန်ဆန်ဆန်မသွားနိုင်ကြတော့ဘူး။ထိုဂိတ်တွေမှာစစ်ကောင်စီတပ်သားတွေကဆက်ကြေးသဘောမျိုးငွေကြေးတောင်းခံမှုတွေလဲရှိနေတယ်။စစ်အုပ်စုကတော့ပြည်သူကိုနည်းမျိုးစုံနဲ့ဓားမြတိုက်နေတော့တာပါပဲ။