ကုလသမဂ္ဂအထွေထွေညီလာခံကြီးကတော့ပြီးဆုံးသွားခဲ့ပါပြီ။ဒီနှစ်မှာလဲမနှစ်ကလိုပဲမြန်မာနဲ့အာဖဂန်နစ္စတန်နိုင်ငံဟာနိုင်ငံကိုယ်စားပြုခွင့်ကိုချန်လှပ်ဆိုင်းငံထားခဲ့တယ်။ဘယ်သူမှညီလာခံမှာမိန့်ခွန်းပြောခွင့်မရခဲ့ဘူး။ဒီပုံအတိုင်းဆိုUNဟာနောက်နှစ်တွေမှာလဲဒီတိုင်းဆက်သွားလိမ့်မယ်။ဦးကျော်မိုးထွန်းဟာUNသံအမတ်ကြီးအဖြစ်ဆက်ရှိနေပေမယ့်NUGကိုယ်စားမြန်မာနိုင်ငံကိုယ်စားပြုခွင့်မရရှိခဲ့ဘူး။ဒီအနေအထားအတိုင်းသာဆိုရင်မြန်မာပြည်တော်လှန်ရေးအတွက်UNကဘာမှသုံးစားလို့ရမှာမဟုတ်ဘူး။
ဒီနှစ်ညီလာခံမှာတော့နိုင်ငံတကာခေါင်းဆောင်တချို့ဟာသူတို့ရဲ့မိန့်ခွန်းတွေမှာမြန်မာပြည်အရေးထည့်သွင်းပြောကြားသွားတယ်။အမေရိကန်၊မလေးရှားနဲ့အရှေ့တီမောခေါင်းဆောင်တွေကမြန်မာပြည်ကိုပစ်မထားဖို့ပြောသွားတယ်။ဒါပေမယ့်လဲအခုလောလောဆယ်မှာယူကရိန်းအရေးကရှေ့ရောက်နေတဲ့အတွက်မြန်မာအရေးကိုတော့မှေးမှိန်နေဆဲပဲ။ယူကရိန်းကိုထောက်ပံတာတွေရဲ့အစွန်းထွက်ပမာဏလေးလောက်ရရင်ကိုမြန်မာပြည်နွေဦးတော်လှန်ရေးကအခြေအနေအတော်ကောင်းသွားမယ်။