စစ်ကောင်စီဟာတိုင်းရင်းလက်နက်ကိုင်အဖွဲ့တွေကိုငြိမ်းရေးဆွေးနွေးဖို့ဒုတိယအကြိမ်ကမ်းလှမ်းလာတယ်။ပထမအကြိမ်တုန်းကလဲမြေပြင်တကယ်တိုက်ပွဲတွေဖြစ်ပွားနေတဲ့EAOအဖွဲ့ကြီးတွေတစ်ဖွဲ့မှမတက်ကြဘူး။ဒီတကြိမ်မှာလဲထိုနည်းလည်းကောင်းပဲ။အဖွဲ့ကြီးတွေထဲကစစ်ကောင်စီနဲ့အပစ်ရပ်ထားတဲ့RCSS UWSAဝအဖွဲ့နဲမြောက်ပိုင်းမိုင်းလားအဖွဲ့တို့သာထပ်မံတက်ရောက်ကြတယ်။RCSSကရှမ်းပြည်နယ်မှာတခြားလက်နက်အဖွဲ့တွေနဲ့စစ်ရေးတင်းမာမှုတွေရှိနေလို့သူ့ကိုယ်ကျိုးအတွက်စစ်ကောင်စီကိုပြန်လည်ချဥ်းကပ်တာဖြစ်ပြီးကျန်တဲ့နှစ်ဖွဲ့ကတော့ဒီလိုအချိန်မျိုးမှာကိုယ်ပိုင်နယ်မြေကိုအတိအလင်းတောင်းဖို့ရောက်ရှိလာတာဖြစ်တယ်။ထိုထဲမှာမှအင်အားအကြီးဆုံးဝအဖွဲ့ကိုပြည်နယ်အဆင့်ထိပေးဖို့စစ်ကောင်စီကအချိုသတ်ထားတယ်။ပြည်နယ်ပေးမယ်ဆိုပေမယ့်၂၀၀၈အခြေခံဥပဒေအတိုင်းသာသွားမှာမို့တကယ်ဖြစ်လာဖို့ဝေးနေဦးမှာပဲ။
စစ်ကောင်စီဟာသူနဲ့တိုက်ပွဲမဖြစ်ပွားသေးတဲ့EAOအဖွဲ့ကြီးတွေကိုတတ်နိုင်သမျှအခွင့်အရေးတွေပေးမယ်လို့ပြောဆိုနေပေမယ့်တကယ်တန်းကရှေ့တမျိုးနောက်ကွယ်တစ်မျိုးပြောဆိုနေတာသာဖြစ်တယ်။ဖယ်ဒရယ်ပေးမယ်ပြောပြီးနောက်ပိုင်းဖြစ်သင့်ဖြစ်ထိုက်တဲ့ဖက်ဒရယ်သာပေးမယ်ဆိုပြီးဖြစ်သွားပြန်တယ်။ဒါတောင်တကယ်လက်တွေ့ဘာမှလုပ်ပေးသေးတာမဟုတ်ဘူး။သူ့ရဲ့ရည်ရွယ်ချက်ကစစ်မျက်နှာတွေထပ်မဖွင့်ရအောင်ရသလောက်အချိုသတ်ထားတဲ့သဘောပဲ။ဒါကြောင့်ဘယ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကမှစစ်ကောင်စီကိုယုံကြည်လာမှမဟုတ်ဘူး။
ဒီအချိန်မှာNUGဘက်ကဖဒရယ်အရေးနဲ့ပတ်သတ်ပြီးတိကျတဲ့လမ်းပြမြေပုံတစ်ခုထုတ်ပြန်သင့်တယ်။ထိုလမ်းပြမြေပုံပေါ်မူတည်ပြီးEAO တွေကိုပိုဆွဲဆောင်နိုင်လိမ့်မယ်။ပြောမယ့်သာပြောရတယ်၊တကယ်တော့NUGလဲဖက်ဒရယ်အရေးနဲ့ပတ်သတ်ပြီးဆင်ကန်းတောတိုးပါပဲ။