ကယားပြည်နယ်ကိုစစ်တပ်ကထိုးစစ်ဆင်နေနိုင်ပေမယ့်ရခိုင်ပြည်နယ်မှာတော့စစ်တပ်ဟာခံစစ်သပ်သပ်ပါပဲ။ရခိုင်ပြည်နယ်မြောက်ပိုင်းကစစ်တပ်စခန်းတွေနေ့စဥ်နဲ့အမျှအေအေရဲ့တိုက်ခိုက်သိမ်းပိုက်ခြင်းကိုခံနေရတယ်။ဒီနေ့ဆိုအေအေကသတင်းစားရှင်းလင်းပွဲလုပ်တယ်။တိုက်ပွဲတွေပြင်းထန်လာတဲ့ဒီကာလမှာစစ်တပ်ဘက်ကလက်နက်ချလာသူအရေအတွက်တစ်ရာကျော်နေပြီတဲ့။ဒါဆိုရင် ဒီတလခွဲခန့်ကာလအတွင်းမှာစစ်ကောင်စီဘက်ကကျဆုံးလက်နက်ချထွက်ပြေးသူဦးရေ၅၀၀နါးကပ်လာပြီ။စစ်ကောင်စီဘက်ကပြုန်းတီးအင်အားအတော်များနေပြီလို့ပြောလို့ရတယ်။ဒါပေမယ့်သူတို့ကလက်နက်ရိက္ခာလူအင်အားတွေအလုံးအရင်းနဲ့ထပ်ဖြည့်နေတုန်းပဲ။
ဒီနွေဦးတော်လှန်ရေးကာလမှာစစ်တပ်ကိုအပီအပြင်တိုက်စစ်ဖွင့်ပီးတိုက်တာအေအေအဖွဲ့ကပထမဆုံးပဲလို့တောင်ပြောလို့ရတယ်။အရင်က KIA KNU စသဖြင့်အခြားEAO တွေစစ်တပ်ကိုတိုက်တယ်ဆိုပေမယ့်စခန်းတစ်ခုလောက်သိမ်းပြီးတလလောက်မျောနေတာမျိုးပဲ။အခုအေအေကတော့အဲ့လိုမဟုတ်ဘူး။အခုအချိန်မှာအေအေဟာစစ်ရေးအရအသာစီးရနေတဲ့အတွက်ရခိုင်မြောက်ပိုင်းမှာသူ့အတွက်လွတ်မြောက်နယ်မြေတစ်ခုရတဲ့အထိတိုက်ပွဲတွေဖော်ဆောင်သွားမယ့်ပုံစံရှိတယ်။