လက်ပံကုန်းကျေးရွာစာသင်ကျောင်းကိုစစ်သူပုန်တွေလေကြောင်းကတိုက်ခိုက်မှုကြောင့်အပစ်မဲ့ကလေးငယ်၁၁ဦးခန့်သေဆုံးသွားတယ်လို့သိရတယ်။ဒါအပြင်မသေပဲဒဏ်ရာအပြင်းအထန်ရထားတဲ့ကျန်တဲ့ကလေးငယ်တွေနဲ့ဆရာမနှစ်ဦးကိုပါစစ်တပ်ကဖမ်းဆီးသွားတယ်။ဒီနေ့ဆိုရေဦးမြို့ကရွာတစ်ရွာမှာစစ်တပ်ကလာရောက်သဂြိုလ်နေတယ်လို့သိရတယ်။ဒဏ်ရာရတဲ့ကလေးတွေရောဖမ်းဆီးသွားတဲ့ကလေးတွေပါရေဦးဆေးရုံမှာထားတယ်လို့သိရတယ်။မိဘတွေကတော့ဘယ်လိုက်လို့လိုက်ရမယ်မှန်းမသိပဲအရူးမီးဝိုင်းနေကြတယ်။ဒီလူမဆန်တဲ့စစ်တပ်ရဲ့ပစ်ခတ်မှုအတွက်အခုချိန်ထိနိုင်ငံတကာအသိုင်းအဝိုင်းကနုတ်ဆိတ်နေတယ်။မနေ့ကပြောခဲ့သလိုပဲဒါမျိုးဖြစ်ရပ်တွေဒီကာလမှာခဏခဏဖြစ်နေဟာစစ်ကောင်စီကပိုမိုရဲတင်းလာပြီးသူတို့လုပ်ချင်ရာဆက်လုပ်မယ်ဆိုတာပြသလိုက်တာပဲ။
အောက်တိုဘာ ၂၅၊ ၂၀၂၅။ (သောကြာ)
ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဌဒေါ်သက်သက်ခိုင်ကိုစစ်ကော်မရှင်ကရွေးကောက်ပွဲဝင်ခွင့်မပေးခြင်းမှာနောက်ကွယ်ကအကြောင်းတရားတွေရှိနေသေးတယ်။သူ့အရင်ကလဲNDFပါတီကဒေါ်စန္ဒါမင်းကိုရွေးကောက်ပွဲဝင်ပြိုင်ခွင့်ပိတ်ပင်ခဲ့သေးတယ်။ထိုပါတီနှစ်ခုလုံးဟာတနိုင်ငံလုံးအတိုင်းအတာနဲ့ဝင်ရောက်ယှဥ်ပြိုင်နိုင်တဲ့ပါတီတွေဖြစ်တယ်။အပိတ်ခံရသူနှစ်ဦးလုံးဟာလူသိများတဲ့သူတွေဖြစ်ကြပြီးသက်ဆိုင်ရာပါတီတွေရဲ့ခေါင်းဆောင်ပိုင်းတွေပါ။ထိုသူတွေကိုအခုကတည်းကဦးချိုးလိုက်ခြင်းအားဖြင့်စစ်အုပ်စုဟာနောင်မှာသူတို့ကိုအတိုက်အခံလုပ်နိုင်မယ့်သူတွေကိုဖယ်ရှားလိုက်ခြင်းသဘောပါပဲ။ပါတီစုံဒီမိုကရေစီလို့စစ်တပ်ကတွင်တွင်အော်နေပေမယ့်လဲဒီမိုကရေစီနဲ့ပတ်သတ်ပြီးမျိုးစေ့တောင်စိုက်ခွင့်မပေးပါဘူး။ဒီလိုအချိန်မှာစစ်တပ်ပါးစပ်ကထွက်လာတဲ့ဒီမိုကရေစီကိုယုံကြည်နေသူတွေကိုလဲအံသြမိတယ်။ ဒေါ်စန္ဒာမင်းနဲ့ဒေါ်သက်သက်ခိုင်ပြီးရင်အလှည့်ကျလာမယ့်သူနောက်တစ်ဦးကျန်ပါသေးတယ်။သူ့ကတော့၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်ဟောင်းပြည်သူ့ပါတီဥက္ကဌဦးကိုကိုကြီးပါ။သူ့ကိုသာစစ်အုပ်စုကရွေးကောက်ပွဲဝင်ပြိုင်ခွင့်ငြင်းပယ်လိုက်မယ်ဆိုရင်စစ်အုပ်စုဟာသူတို့အတွက်အတိုက်အခံဖြစ်လာနိုင်တဲ့အရာမှန်သမျှအခုကတည်းကချိုးနှိမ်ထားဖို့လုပ်ဆောင်နေတာသေချာသလောက်ပါပဲ။


