စစ်ကိုင်းတိုင်း၊ဒီပဲယင်းမြို့နယ်၊လက်ပံကုန်းကျေးရွာမှာစစ်သူပုန်တွေကကလေးငယ်တွေပညာသင်ကြားနေတဲ့စာသင်ကျောင်းကိုရဟတ်ယာဉ်တွေနဲ့အငြိုးတကြီးပစ်ခတ်တိုက်ခိုက်ခဲ့တယ်။စစ်သူပုန်တွေရဲ့အကြင်နာကင်းမဲ့စွာပစ်ခတ်တိုက်ခိုက်မှုကြောင့်ကလေးအတော်များများပွဲချင်းပြီးသေဆုံးခဲ့ပြီးအရေအတွက်အတိအကျမသိရသေးဘူး။
မနေ့ကမနက်ပိုင်းလောက်မှာထိုရွာလေးမှာရှိတဲ့စာသင်ကျောင်းလေးမှာမူလတန်းအရွယ်ကလေးငယ်လေးတွေငြိမ်းချမ်းစွာပညာသင်ကြားနေကြတယ်။ရုတ်တရက်စစ်သူပုန်တွေရဲ့ရဟတ်ယာဉ်တွေရောက်လာပြီးစာသင်ကျောင်းလေးကိုတစ်နာရီခန့်ကြာအောင်တရပ်စပ်ပစ်ခတ်ခဲ့တယ်။ကျန်တဲ့ရဟတ်ယာဉ်တွေကစစ်သား၈၀ခန့်ဆင်းလာပြီးထပ်မံပစ်ခတ်ပြန်တယ်။ထိုရွာလေးမှာတော်လှန်ရေးတပ်ဖွဲ့တွေလဲမရှိသလိုစစ်တပ်ကိုခုခံသူတွေလဲတစ်ဦးမှရှိမနေဘူး။တိုက်ပွဲမရှိပဲစစ်တပ်ကအရပ်သားတွေအပေါ်အကြမ်းဖက်သတ်ဖြတ်မှုဟာပိုမိုဆိုးရွားလာနေတယ်။အခုဆိုရင်အပစ်မဲ့တဲ့ကလေးငယ်တွေပါမချန်သတ်ဖြတ်လာနေပြီ။
ဒီဖြစ်ရပ်တစ်ခုထဲမဟုတ်သေးဘူး။အရင်ရက်တွေကလဲကယားပြည်နယ်မိုးဗြဲမှာစစ်ကောင်စီကလက်နက်ကြီးတွေနဲ့စစ်ရှောင်စခန်းတွေကိုရည်ရွယ်ချက်ရှိရှိပစ်ခတ်လို့ဘုန်းကြီးကျောင်းမှာခိုလှုံနေတံကလေးငယ်လေးဦးသေဆုံးသွားခဲ့သေးတယ်။ထပ်ပြောချင်တာကဖက်ဆစ်စစ်တပ်ရဲ့အကြမ်းဖက်မှုတွေကပိုမိုဆိုးရွားလာနေပြီ။ဒါပေမယ့်ဘယ်သူမှအရေးမလုပ်ကြဘူး။