စစ်ကောင်စီလက်အောက်ခံဗဟိုဘဏ်ဟာအချက်အလက်မပြည့်စုံတဲ့ Mobile Banking Application တွေကိုအပြီးတိုင်ပိတ်သိမ်းပစ်မယ်လို့ပြောလိုက်တယ်။ဒီမတိုင်ခင်ကမြန်မာပြည်မှာလူသုံးအများဆုံးမိုဘိုင်းဝေါလတ်တစ်ခုဖြစ်တဲ့Wave Money ကိုမှတ်ပုံတင်ပါမှငွေလွှဲစေဖို့တင်းကျပ်ခဲ့တယ်။အခုလဲနောက်လူသုံးများတဲ့မိုဘိုင်းဝေါလတ်ဖြစ်တဲ့ K pay ကို Level 2 အဆင့်မြှင့်တင်ခိုင်းနေတယ်။အဓိကကတော့သုံးစွဲသူတွေရဲ့အချက်အလက်တွေအကုန်စစ်ကောင်စီကလိုချင်နေတယ်။ထိုအချက်အလက်တွေကိုအခြေခံပြီးတော်လှန်ရေးကိုထောက်ပံနေတဲ့သူတွေကိုခြေရာခံမယ်။ပြီးရင်သူတို့အကောင့်တွေကိုပိတ်ပစ်ဖို့ဖြစ်တယ်။စစ်ကောင်စီကတော့တော်လှန်ရေးအတွက်ငွေကြေးစီးဆင်းမှုတွေကိုတင်းတင်းကျပ်ကျပ်ကိုင်တွယ်လာနေပြီ။
ပြီးခဲ့တဲ့လကုန်ပိုင်းကထိုးတက်ခဲ့တဲ့ဒေါ်လာစျေးနဲ့ရွှေစျေးတွေကတော့တဖြည်းဖြည်းနဲ့ပြန်ကျလာနေတယ်။ဒါပေမယ့်ကုန်စျေးနှုန်းတွေကတော့ကျမလာခဲ့ဘူး။ကုန်စျေးနှုန်းနဲ့စက်သုံးဆီစျေးနှုန်းတွေမကျရင်ဒေါ်လာစျေးဘယ်လောင်ကျကျအလကားပဲ။