ဒီကာလမြန်မာပြည်မှာသေကြောင်းကြံတဲ့သူတွေအတော်များလာတယ်။အခြေခံလူတန်းစားအများစုဟာဆင်းရဲကြပ်တည်းလာကြပြီ။စားဝတ်နေရေးအတွက်ဘယ်လိုမှရုန်းကန်လို့အဆင်မပြေနိုင်တော့တဲ့အခါနောက်ဆုံးထွက်ပေါက်အနေနဲ့ကိုယ့်ကိုကိုယ်သတ်သေဖို့အထိစဉ်းစားလာကြတယ်။ဒီလိုနဲ့သေကြောင်းကြံစည်မှုတွေခပ်စိတ်စိတ်ဖြစ်ပေါ်လာတယ်။
မြန်မာပြည်မှာဟိုးအရင်အစဉ်အဆက်ကတည်းကငတ်လို့သေတဲ့သူမရှိခဲ့ဖူးဘူး။အခုတော့ငတ်လို့သေတဲ့သူတွေရှိလာခဲ့ပြီ။နိုင်ငံသားအားလုံးရဲ့တဝက်နီးပါးလောက်ဆင်းရဲမွဲတေမှုမျဉ်းအောက်ရောက်နေကြပြီ။အရင်စစ်အစိုးရခေတ်ကတောင်သုံးပုံတစ်ပုံခန့်ပဲရှိခဲ့တာပါ။အခုမင်းအောင်လှိုင်ဒုက္ခပေးလို့လူတိုင်းနီးပါးကိုယ့်အပူနဲ့ကိုယ်ဖြစ်နေကြပြီ။