ကယားပြည်နယ်၊မိုးဗြဲမြို့မှာထင်ထားတဲ့အတိုင်းစစ်ကောင်စီတပ်တွေပြန်ဆုတ်သွားပြီ။ဒါပေမယ့်စစ်တပ်ကမြို့ထဲနဲ့မြို့အနီးပတ်ဝန်းကျင်ကိုလက်နက်ကြီးတွေနဲ့ရမ်းသမ်းပစ်ခတ်နေလို့ဒေသခံပြည်သူတွေထိခုက်သေဆုံးမှုတွေရှိနေတယ်။မြို့ထဲကအိမ်ခြေတစ်ရာကျော်လဲစစ်တပ်ရန်ကြောင့်ပျက်စီးသွားတယ်။ကြာရင်မိုးဗြဲမြို့ဟာချင်းပြည်နယ်ကထန်တလန်လိုတမြို့လုံးပျက်စီးသွားနိုင်တယ်။လွိုင်ကော်နဲ့ဒီမော့ဆိုမှာလဲတိုက်ပွဲတွေတဆက်ထဲဆက်တိုက်ဖြစ်ပွားနေတယ်။ကယားပြည်နယ်ရဲ့အခြေအနေကစစ်ကောင်စီဖက်ကလဲရှေ့ဆက်မတိုးနိုင်ဘူး၊ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဖက်ကလဲမြို့တွေထိမသိမ်းနိုင်ပဲအီနေတယ်။ဒါပေမယ့်စစ်ကောင်စီရုံးဆိုက်ရာနေပြည်တော်နဲ့မိုင်တစ်ရာခန့်သာဝေးကွာတဲ့ဒေသတစ်ခုကိုတော်လှန်ရေးတပ်ဖွဲ့တွေကထိန်းချုပ်ထားပြီးစစ်ကောင်စီကိုဖိအားပေးထားနိုင်တယ်။