၂၀၂၂ပထမလေးလပတ်စစ်တပ်ထိပ်သီးအစည်းအဝေးမှာစစ်ခေါင်းဆောင်မင်းအောင်လှိုင်ပြောကြားထားတဲ့မိန့်ခွန်းဖိုင်ပေါက်ကြားလာတယ်။ဒီနှစ်ထဲမှာစစ်တပ်ရဲ့အထိနာမှုတွေကိုသိရှိဝန်ခံထားပြီးတပ်မှုးတွေနဲ့အောက်ခြေစစ်သားတွေကိုအပြစ်ဖို့ထားတယ်။စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်တွေသူတို့ကျရှုံးနေတာကိုသူတို့ကိုယ်တိုင်ခံစားမိလာပြီ။ဒါတောင်ဒီမိန့်ခွန်းဟာပထမလေးလပတ်အတွက်ဖြစ်ပြီးထိုကာလမှာရခိုင်မှာအေအေနဲ့တိုက်ပွဲတွေမပြင်းထန်သေးဘူး။အခုဒုတိယလေးလပတ်အတွက်ဆိုရင်စစ်တပ်ရဲ့အခြေအနေဟာပိုဆိုးလာဖို့ပဲရှိတယ်။လက်တွေ့မြေပြင်မှာလဲဒုတပ်ရင်းမှုးကိုယ်တိုင်ဦးဆောင်ပြီးတပ်ရင်းလိုက်အမိန့်ဖီဆန်မှုတွေရှိလာပြီ။ကရင်ပြည်နယ်ကတပ်ရင်းတစ်ခုမှာသတ်ကွင်းထဲစစ်ကြောင်းထိုးခိုင်းလို့မတိုက်နိုင်ဘူးဆိုပြီးလက်နက်တွေပြန်အပ်ကာဆန္ဒပြကြတယ်လို့သတင်းတွေထွက်လာတယ်။စစ်တပ်မှာအမိန့်ဖီဆန်မှုဆိုတာအကြီးလေးဆုံးပြစ်ဒဏ်ပဲ။စစ်ကောင်စီတပ်သားတွေစစ်မတိုက်ရဲတော့ဘူး။စစ်ပန်းလာကြပြီ။တပ်ပျက်နေပြီ။ဒီရက်ပိုင်းကြားရတဲ့သတင်းတွေကြောင့်ပဲစစ်တပ်ဟာတဖြည်းဖြည်းပြိုလဲလာနေပြီလို့စတင်ခံစားလာရပြီ။ဝုန်းကနဲပြိုကျဖို့ဆက်လက်တွန်းအားပေးဖို့လိုတယ်။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


