ရှမ်းကယားနယ်စပ်မိုးဗြဲမြို့မှာသုံးရက်ဆက်တိုက်တိုက်ပွဲတွေပြင်းထန်နေတယ်။ပြီးခဲ့တဲ့အင်္ဂါနေ့ကမိုးဗြဲမှာစစ်ကောင်စီစစ်ကြောင်းတစ်ခုကိုKNDFတွေအလစ်ဝင်တိုက်လို့အကျအဆုံးများပြီးနောက်စစ်ကောင်စီကမိုးဗြဲမြို့ကိုထိန်းချုပ်နိုင်ဖို့ပြန်လည်ကြိုးစားနေတယ်။ခြေလျင်တပ်အင်အားလေးရာခန့်၊လက်နက်ကြီးတွေ၊သံချပ်ကာကားတွေအပြင်လေကြောင်းတိုက်ခိုက်မှုတွေပါသုံးပြီးအလုံးအရင်းနဲ့ထိုးစစ်ဆင်နေလို့ကယားပြည်နယ်တော်လှန်ရေးတပ်တွေစုပေါင်းပြီးခုခံကာကွယ်နေရတယ်။စစ်ကောင်စီဖက်ကလက်နက်အင်အားသာလွန်ပေမယ့်ထုံးစံအတိုင်းအခြေအနေမကောင်းပါဘူး။သုံးရက်အတွင်းငါးဆယ်ခန့်အသေအပျောက်ရှိနေတယ်။
စစ်ကောင်စီဟာပြီးခဲ့တဲ့ဇူလိုင်လတုန်းကလဲမိုးဗြဲကိုအခုလိုပဲထိုးစစ်ဆင်သေးတယ်။အဲ့တုန်းကလဲမအောင်မြင်ခဲ့ပါဘူး။ဘယ်လောက်ပဲလက်နက်အင်အားကောင်းကောင်းအဓိကမြေပြင်မှာတိုက်ရတဲ့စစ်သည်တွေကစိတ်ဓာတ်ပျက်ပြားနေပြီ။ကယားပြည်နယ်ကိုစစ်ကြောင်းထိုးနေတဲ့တပ်မ၆၆ဆိုရင်တပ်မကြီးတစ်ခုလုံးအသေအပျောက်များလို့ဖွဲ့စည်းပုံပျက်သလောက်ဖြစ်နေတယ်။တပ်ရင်းမှုးနှစ်ဦးခန့်သာအကောင်းအတိုင်းကျန်တော့ပြီးကျန်တဲ့တပ်ရင်းမှုးသေတဲ့သူသေ၊ဒဏ်ရာရတဲ့သူရတွေဖြစ်ကုန်ပြီ။အခုတော့စစ်ကောင်စီကကယားပြည်နယ်ကတပ်မ၆၆ကိုအခြားတပ်မတစ်ခုခုနဲ့ချိန်းဖို့လုပ်နေတယ်။တနိုင်ငံလုံးမှာတိုက်ပွဲတွေဖြစ်နေတဲ့အတွက်ချိန်းစရာတပ်မလဲရှိမယ်မထင်ပါဘူး။