တော်လှန်ရေးမြန်မြန်အောင်ဖို့လိုတဲ့အကြောင်းရင်းတွေထဲမှာအမေစုကြောင့်လဲပါတယ်။အသက်၇၅နှစ်ကျော်ပြီဖြစ်တဲ့ဒေါ်အောင်ဆန်းစုကြည်ဟာအရင်လိုနေအိမ်အကျယ်ချုပ်မဟုတ်ပဲထောင်ထဲမှာပင်ပန်းဆင်းရဲစွာနေထိုင်နေရတယ်။မင်းအောင်လှိုင်ဟာအငြိုးကြီးစွာနဲ့ဒေါ်အောင်ဆန်းစုကြည်ကိုချမှတ်တဲ့ပြစ်ဒဏ်တွေမှာအလုပ်ကြမ်းတွေပါလာတယ်။ထောင်ဒဏ်စုစုပေါင်းဟာလဲအနှစ်နှစ်ဆယ်ကျော်လာပြီ။သူမဟာဘယ်လောက်ပဲခံနိုင်ရည်ရှိတယ်သမာဓိအားကောင်းတယ်ပြောပြောဒီလိုခက်ခဲကြမ်းတမ်းတဲ့အခြေအနေကြီးမှာသူမရဲ့အသက်အရွယ်ကိုလဲထည့်တွက်ရမယ်။တော်လှန်ရေးမအောင်မြင်ရင်ဒါမှမဟုတ်တော်လှန်ရေးကာလကြာရှည်နေမယ်ဆိုရင်သူမကိုမြန်မာပြည်သူတွေအသက်ရှင်လျက်ပြန်တွေ့နိုင်မယ်မထင်ဘူး။
ပြည်တွင်းမှာနောက်ဆုံးကျန်နေပြီးစစ်ကောင်စီလက်အောက်ရောက်မနေသေးသောဆက်သွယ်ရေးအော်ပရေတာတစ်ခုဖြစ်တဲ့အော်ရီဒူးတောင်စင်ကာပူကုမ္မဏီတစ်ခုကိုရောင်းချလိုက်တယ်လို့ကြေငြာလိုက်ပြီ။ထိုစင်ကာပူကုမ္မဏီဟာလဲစစ်ကောင်စီရဲ့အဆွယ်အပွားတွေပိုင်ဆိုင်နေတယ်။မြန်မာ့ဆက်သွယ်ရေးလောကတစ်ခုလုံးစစ်ကောင်စီလက်အောက်ရောက်သွားပြီ။ဖုန်းကြားဖြတ်ခိုးနားထောင်တာတွေ၊သုံးစွဲသူတွေရဲ့အချက်အလက်တွေကိုခိုးယူတာတွေစသဖြင့်လူ့အခွင့်အရေးချိုးဖောက်မှုတွေကိုပျော်ပျော်ကြီးပြုလုပ်ကြတော့မယ်။