ရုရှားမှာအရှေ့စီးပွားရေးဖိုရမ်လို့အမည်တပ်ထားတဲ့အစည်းအဝေးကိုမင်းအောင်လှိုင်တက်ခွင့်ရတယ်။ရုရှားရဲ့အပေါင်းအပါနိုင်ငံငါးခုလောက်သာဖိတ်ကြားထားပြီးအစည်းအဝေးလို့အမည်တပ်ထားတာပါ။အဲ့ဒီမှာမင်းအောင်လှိုင်ကရုရှားသမ္မတပူတင်နဲ့ပထမဆုံးအကြိမ်တွေ့ခွင့်ရလိုက်တယ်။ယူကရိန်းကိုကျူးကျော်နေတဲ့ပူတင်ကိုသမာသမတ်ကျတဲ့ကမ္ဘာခေါင်းဆောင်ကြီးလို့မျက်နှာချိုသွေးမြှောက်ပင့်ပြောဆိုလိုက်သေးတယ်။
တကမ္ဘာလုံးဘယ်သူမှလက်မခံတဲ့အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကိုပူတင်ကလက်ခံတွေ့ဆုံတာဟာနှုတ်ခမ်းပဲ့ချင်းမှုတ်တဲ့သဘောပဲ။ပြီးတော့တော်လှန်ရေးအတွက်သတိထားစရာပဲ။မင်းအောင်လှိုင်ဟာပူတင်ရဲ့အသိအမှတ်ပြုမှုကိုရလိုက်လို့ပြည်တွင်းမှာဖြစ်ပွားနေတဲ့လက်နက်ကိုင်တော်လှန်မှုတွေကိုနှိမ်နှင်းဖို့စစ်လက်နက်တွေအရင်ကထက်အလွယ်တကူဝယ်ယူလို့ရသွားလိမ့်မယ်။မိစ္ဆာနိုင်ငံကြီးတစ်ခုရဲ့ထောက်ခံမှုကိုရရှိသွားတဲ့အတွက်စစ်ကောင်စီဟာပိုမိုကြမ်းတမ်းလာတော့မယ်။