ဒီနေ့ဟာNUGကတစ်နိုင်ငံလုံးခုခံတော်လှန်စစ်ကြေငြာတာတနှစ်ပြည့်တဲ့နေ့ပါ။ဒီတနှစ်အတွင်းစစ်ကောင်စီတပ်သားနှစ်သောင်းကျော်သေဆုံးခဲ့တယ်။တကယ့်မြေပြင်မှာဒီထက်ပိုပြီးအသေအပျောက်များနိုင်တယ်။စစ်ကောင်စီတပ်သားအသေအပျောက်စာရင်းကိုသုံးသောင်းလောက်နဲ့တွက်ပြီးစစ်တပ်ရဲ့စုစုပေါင်းအင်အားကိုခန့်မှန်းခြေသုံးသိန်းနဲ့တွက်မယ်ဆိုရင်ဒီတနှစ်အတွင်းမှာစစ်တပ်အင်အားဆယ်ရာခိုင်းနှုန်းခန့်ပြုန်းတီးသွားတဲ့သဘောပေါ့။ဖက်ဆစ်စစ်တပ်ကြီးတစ်ခုလုံးပြိုကျဖို့ဆိုရင်၃၀ရာခိုင်နှုန်းခန့်ပြုန်းတီးဖို့လိုလိမ့်မယ်။ဒါပေမယ့်တော်လှန်ရေးကာလသုံးနှစ်လောက်တော့ကြာလို့မဖြစ်ဘူး။NUGကတော့နောက်နှစ်ထဲအပြီးတိုက်မယ်လို့ပြောတာပဲ။လာမယ့်နှစ်အတွက်တော်လှန်ရေးရံပုံငွေဒေါ်လာသန်းသုံးရာခန့်လို့အပ်နေတယ်ပြောသွားသေးတယ်။အခုဒီတနှစ်အတွင်းနည်းလမ်းပေါင်းစုံနဲ့ရှာဖွေနေတာတောင်ဒေါ်လာသန်းတစ်ရာခန့်သာရရှိသေးပြီးသူတို့ပြောတဲ့သန်းသုံးရာရဖို့ကတော့တကယ်မလွယ်ပါဘူး။ထိုငွေတွေအားလုံးကပြည်သူဆီကလာတာဖြစ်ပြီးပြည်တွင်းပြည်ပကပြည်သူတွေလဲကူရလွန်းလို့ပန်းနေပြီ။ပြည်ပအကူအညီတစ်ခုခုရရင်ပိုပြီးအဆင်ပြေနိုင်တယ်။
နောက်တစ်ခုကဒီတနှစ်အတွင်းမှာပြည်သူ့ကာကွယ်ရေးတပ်သားတွေဘက်က၁၅၀၀ကျော်ကျဆုံးခဲ့တယ်။စစ်တပ်ကသာအာဏာမသိမ်းခဲ့ရင်နိုင်ငံအတွက်အားကိုးရမယ့်လူငယ်လူရွယ်လေးတွေဒီလောက်အများကြီးကြွေလွင့်စရာအကြောင်းမရှိဘူး။ဒါတောင်စစ်တပ်ရဲ့မတရားဖမ်းဆီးပစ်ခတ်သတ်ဖြတ်မှုကြောင့်သေဆုံးသွားတဲ့ပြည်သူတွေစာရင်းထဲမှာမပါသေးဘူး။ဒါတွေကြောင့်တော်လှန်ရေးမြန်မြန်နိုင်ဖို့လိုတယ်။