Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

မြောင်တွင် စစ်ကြောင်းထိုးလာ၍ ပြည်သူများ ည တွင်းချင်း ထွက်ပြေးရ

September 6, 2022
in သတင်း
Reading Time:1 min read
Share on FacebookShare on Twitter

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အတွင်းသို့ စက်တင်ဘာ ၄ ရက် ညပိုင်းက စစ်ကောင်စီတပ်သားများ ရုတ်တရက် ဝင်ရောက်လာခြင်းကြောင့်ကျေးရွာများမှပြည်သူထောင်နှင့်ချီမှာညတွင်းချင်းထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း မြောင်မြို့နယ် ပြည်သူ့ ကာကွယ်ရေးနှင့် လုံခြုံ ရေးအဖွဲ့ (CDSOM) က သိရသည်။

CDSOM က တာဝန်ရှိသူတဦးက “မနေ့ည ၁၀ နာရီကျော်မှာ ကျော်ရစ်စခန်းက စခတွေ ညစစ်ကြောင်း ထွက်လာလို့ စစ်ကြောင်းဖြတ်သွားနိုင်ခြေရှိတဲ့ တွင်းကြီး၊ မကျည်းဘုတ်၊ တမဆေးကန်၊ ဇရပ်ကုန်း ဒေသခံ ၁၃၀၀ကျော်ကညတွင်းချင်းပြေးလွှားရှောင်တိမ်းနေခဲ့ရတာပါ။အရင်ရက်တွေကရှောင်နေရတဲ့သူတွေကလည်း ၃၀၀၀ ကျော်ရှိပါတယ် ” ဟု ပြောသည်။

စက်တင်ဘာ ၄ ရက် နံနက်ပိုင်းကလည်း ပန်းညိုကျေး ရွာသို့ ရောက်ရှိလာသော စစ်ကြောင်းက နေအိမ်တလုံးနှင့် တဲတလုံးကို မီးရှို့ဖျက်ဆီးခဲ့သလို စစ်ဘေးရှောင် မင်းလှကျေးရွာသား ၅ ဦး၊ ငါးရံ့အိုကျေးရွာမှ အသက် ၁၄ နှစ်အရွယ် လူငယ်တဦး အပါအဝင် ၁၅ ဦးကို စစ် ကြောင်းတလျှောက် အထုပ်များ သယ်ခိုင်းရန်အတွက် ဖမ်းဆီးသွားကြောင်း သိရသည်။

ထို့ပြင် ရွာအတွင်း ဝင်ရောက်၍ ပစ်ခတ်မှုကြောင့် ၁၅ နှစ်အရွယ် အမျိုးသမီးတဦး၏ ကျောသို့ ထိမှန် ဒဏ်ရာရခဲ့သဖြင့် ဆေးဝါးကုသမှုများ ခံယူနေရကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။

လက်ရှိအချိန်၌ မြောင်မြို့နယ်အတွင်းသို့ သြဂုတ်လကုန်ပိုင်းမှ စတင်ကာ စစ်ကြောင်းထိုးနေခြင်းကြောင့် ပန်းညို၊ ညောင်ကားယား၊ ရွာပုလဲ၊ ဘူးကိုင်း ၊ ဆယ်ရွာ၊ ခေါင်းခွဲ၊ ဆင်မင်း၊ မယ်မသော်၊ သောင်ကြီးကျေးရွာများမှ ပြည်သူ ၆၀၀၀ ကျော်လည်း စစ်ဘေးရှောင်နေကြရကြောင်း သိရသည်။

Source – Irrawaddy

Related Posts

ဖားကန့်မြို့တွင် လက်နက်ကြီးကြောင့် အဘွားအို၊ သုံးနှစ်သားအပါအဝင် ကိုးဦး သေဆုံး မြို့အနောက်ဘက်ရှိ စစ်တပ်ကုန်းတစ်ခုကို KIA သိမ်းပြီးနောက် မြို့ပေါ်ရှိ စစ်တပ်က လက်နက်ကြီးများ နေ့စဉ်ပစ်ခတ်နေရာ ရက်ပိုင်းအတွင်း လူမမယ်ကလေးငယ်အပါအဝင် ကိုးဦး သေဆုံးကာ လူ ၃၀ ကျော် ဒဏ်ရာရသည်။
သတင်း

ဖားကန့်မြို့တွင် လက်နက်ကြီးကြောင့် အဘွားအို၊ သုံးနှစ်သားအပါအဝင် ကိုးဦး သေဆုံး မြို့အနောက်ဘက်ရှိ စစ်တပ်ကုန်းတစ်ခုကို KIA သိမ်းပြီးနောက် မြို့ပေါ်ရှိ စစ်တပ်က လက်နက်ကြီးများ နေ့စဉ်ပစ်ခတ်နေရာ ရက်ပိုင်းအတွင်း လူမမယ်ကလေးငယ်အပါအဝင် ကိုးဦး သေဆုံးကာ လူ ၃၀ ကျော် ဒဏ်ရာရသည်။

August 9, 2025

ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် စစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ယခုရက်ပိုင်း...

သက်ငယ်မုဒိမ်းမှု ကျူးလွန်သူထံက လာဘ်ငွေယူ အမှုပြောင်းပြီး ထောင် ၂ လသာချမှတ်
သတင်း

သက်ငယ်မုဒိမ်းမှု ကျူးလွန်သူထံက လာဘ်ငွေယူ အမှုပြောင်းပြီး ထောင် ၂ လသာချမှတ်

July 24, 2025

ဧရာဝတီတိုင်း၊ အိမ်မဲမြို့နယ်၊ ခြောက်အိမ်တန်းကျေးရွာမှာ ဦးလေးဖြစ်သူရဲ့ အဓမ္မပြုကျင့်တာ...

အိန္ဒိယစစ်တပ်က စစ်ကောင်စီတပ်ကို ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာ သင်တန်းပေး
သတင်း

အိန္ဒိယစစ်တပ်က စစ်ကောင်စီတပ်ကို ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာ သင်တန်းပေး

July 24, 2025

စစ်ကောင်စီတပ်နဲ့ အိန္ဒိယတပ်မတော်တို့ ပူးပေါင်းကာ  ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာ...

You can copy without credits to our site. We Need Freedom.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English