ဒေါ်အောင်ဆန်းစုကြည်နေထိုင်ခဲ့တဲ့ရန်ကုန်မြို့တက္ကသိုလ်ရိပ်သာလမ်းခြံအမှတ်၅၄ကဆိုင်ထားတဲ့အမှုကိုစစ်ကောင်စီကဒေါ်အောင်ဆန်းစုကြည်အကိုဖြစ်တဲ့ဦးအောင်ဆန်းဦးကိုအနိုင်ပေးလိုက်တယ်။အဆိုပါအိမ်ကိုတယောက်တဝက်ခွဲယူကြပေါ့။ထိုအမှုကိုကိုဗစ်ကာလမတိုင်ခင်တရားရုံးကဒေါ်အောင်ဆန်းစုကြည်ကိုအနိုင်ပေးပြီးသားပါ။အခုမှစစ်ကောင်စီကပြန်လည်ကြားနာပြီးတဖက်ကိုအနိုင်ပြန်ပေးလိုက်တာဖြစ်တယ်။ဒါဟာလဲမင်းအောင်လှိုင်ရဲ့အငုံ့စိတ်ကြောင့်ပဲ။NUGကမင်းအောင်းလှိုင်မတရားရယူထားတဲ့အင်းလျားလမ်းကနေအိမ်နှစ်လုံးကိုတော်လှန်ရေးရန်ပုံငွေအတွက်ကြိုပွိုင့်စနစ်နဲ့ရောင်းချထားတယ်လေ။
အခုလဲရန်ကုန်ကစစ်တပ်ပိုင်မြေနှစ်ရာနှစ်ခုကိုနွေဦးရိပ်မွန်နဲ့နွေဦးမော်ကွန်းအမည်ပေးပြီးအကွက်ရိုက်ရောင်းချနေတယ်။နှစ်ရက်အတွင်းလေးဆယ်ရာခိုင်နှုန်းခန့်ရောင်းချပြီးပြီ။အပြင်မှာရွှေဈေးဒေါ်လာဈေးမငြိမ်သက်မှုတွေကြောင့်လူကုံတန်အသိုင်းအဝိုင်းတွေပါဝင်ရောက်ရင်းနှီးမြုပ်နှံနေပြီလို့ယူဆရတယ်။ဒီငွေတွေအသုံးပြုပြီးNUGအနေနဲ့ပြောတဲ့အတိုင်းလုပ်နိုင်ပါစေ။