ကယားပြည်နယ်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းက စစ်ဘေးဒုက္ခသည် ဦးရေ ၅,၀၀၀ ခန့်သည် ရိက္ခာပြတ်လပ်မှုနှင့် ကြုံနေပြီး အရေးပေါ် စားနပ်ရိက္ခာများ လိုအပ်နေတယ်။
၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းကစပြီး ပြင်းထန်လာသော တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော စစ်ဘေးဒုက္ခသည်များသည် အလှူရှင်များ၏ လှူဒါန်းငွေဖြင့် စားသောက် နေရတယ်။အခုတော့ အင်တာနက်လိုင်း၊ ဖုန်းလိုင်းများ ဖြတ်တောက်ခံထားရခြင်း၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်းနှင့် ကုန်ဈေးနှုန်းမြင့်တက်နေမှုကြောင့် ရိက္ခာမဖြန့်ဝေနိုင်တာနှစ်လလောက်ရှိနေပြီ။
ဖရူဆိုမြို့နယ်က စစ်ရှောင်ကူညီသူများ ရိက္ခာသယ်ယူနေသည့် လမ်းမကြီးများမှာ တိုက်ပွဲဖြစ်ပွားခြင်းနှင့် စစ်ကောင်စီတပ်ကလဲ လမ်းပိတ်ဆို့ကန့်သတ်မှုတွေလုပ်ထားတယ်။မိုးရာသီဆိုတော့လမ်းပန်းဆက်သွယ်ရေး ကပိုဆိုးနေတယ်။လက်ရှိ စစ်ရှောင်စခန်းက ကလေးငယ်များမှာ ရာသီတုပ်ကွေး အဖြစ်များနေပြီး ဆေးဝါးနှင့် ကျန်းမာရေးစောင့်ရှောက်မှုမရရှိသည့်အတွက်အသက်သေဆုံးသည့်အထိဖြစ်နေတယ်။ဒါကြောင်းဆေးဝါးတွေလဲလိုအပ်နေတယ်။
လက်ရှိ ကယားပြည်နယ် တစ်ခုလုံးမှာ စစ်ဘေးဒုက္ခသည် ဦးရေ ၃၀၀,၀၀၀ ခန့် ရှိနေတယ်။