အခုနောက်ပိုင်းဘဏ်တွေ၊ရွှေဆိုင်တွေဓားမြတိုက်ခံရမှုတွေခပ်စိတ်စိတ်ဖြစ်ပေါ်လာပြီ။တချို့တလေကိုသာဖမ်းမိပေမယ့်အမှုအများစုကတရားခံမပေါ်ပဲလွတ်မြောက်သွားကြတယ်။စစ်ကောင်စီကတော့PDFတွေကိုအပစ်ပုံချပေမယ့်ကျူးလွန်သူအများစုဟာစစ်တပ်ကလက်သပ်မွေးထားတဲ့ပျူစောထီးအဖွဲ့ဝင်တွေသာဖြစ်တယ်။ရဲစခန်းသွားတိုင်လဲဘာမှမထူးဘူး။စခန်းမှုးကိုယ်တိုင်ကသူတို့ဒီလိုမျိုးအမှုတွေကိုမကိုယ်တွယ်တော့ပဲနိုင်ငံရေးအမှုတွေသာလိုက်နေရတဲ့လို့ပြောလိုက်တယ်။
တကယ်လဲစစ်ကောင်စီဟာပြည်သူတွေကိုမထင်ရင်မထင်သလိုဖမ်းတယ်။ဘာမှသက်သေရှာမရရင်တောင်အနည်းဆုံးတော့စစ်ကြောရေးမှာနှိပ်စက်ခံရတယ်။အပစ်မရှိရင်တော့ဒီအတိုင်းပြန်မလွှတ်ပေးဘူး။မိသားစုဆီကအနည်းဆုံးသိန်းဆယ်ဂဏန်းခန့်ငွေညစ်သေးတယ်။မပေးနိုင်ရင်နိုင်ငံရေးပုဒ်မတွေတသီကြီးတပ်ပြီးထောင်ထဲထည့်ပစ်တယ်။ရတဲ့ငွေကိုသူတို့အချင်းချင်းခွဲဝေစားသောက်ကြတယ်။ဒါကြောင့်မြို့ပေါ်ကရဲတွေ၊စစ်သားတွေဆိုအနေအစားချောင်ကြတယ်။ပြည်သူတွေကတော့အကြောင်းသိနေပြီဖြစ်တဲ့အတွက်သူတို့ကိုတွေ့ရင်ချီးထပ်တောင်ရွံ့ကြတယ်။