မနှစ်ကမိုးအကုန်ကစပြီးစစ်ကောင်စီဟာစစ်ကိုင်းတိုင်းကိုစစ်ဆင်ရေးကြီးတွေပြုလုပ်ပြီးအကြိမ်ကြိမ်စစ်ကြောင်းထိုးကာတော်လှန်ရေးအဖွဲ့တွေကိုနှိမ်နှင်းဖို့စတင်ကြိုးစားခဲ့တယ်။တစ်နှစ်မပြည့်မှီအခုနှစ်မိုးမကုန်ခင်မှာတော့စစ်ကိုင်းတိုင်းမှာစစ်ကောင်စီဟာမြေပြင်ကနေစစ်ကြောင်းမထိုးနိုင်တော့ဘူး။ထိုးလို့လဲမရတော့ဘူး။စစ်ကိုင်းတိုင်းမှာတော်လှန်ရေးတပ်ဖွဲ့တွေဟာအရင်ကထက်ပိုပြီးအားကောင်းလာတယ်။လက်နက်လဲအတော်အသင့်ပြည့်စုံလာတယ်။အရင်လိုလက်လုပ်တလုံးထိုးသေနတ်တွေနဲ့မဟုတ်တော့ပဲမောင်းပြန်တွေကိုင်လာနိုင်ပြီလေ။လက်နက်ကြီးတွေလဲထုတ်လုပ်လာနိုင်ပြီ။
စစ်ကောင်စီဖက်မှာတော့မြေပြင်ကနေစစ်ကြောင်းထိုးဖို့အရင်လိုလူအင်အားများများမသုံးနိုင်တော့ဘူး။တနိုင်ငံလုံးမှာတပ်တွေဖြန့်ထားရတဲ့အပြင်ပြုန်းတီးအင်အားကလဲများလာပြီ။အရင်ကစစ်ကြောင်းတစ်ခုထိုးရင်အင်အားနှစ်ရာနဲ့သုံးရာကြားသုံးနိုင်ပေမယ့်အခုတော့အင်အားတစ်ရာခန့်သာသုံးနိုင်တော့တယ်။ဟိုနေ့ကကသာဖက်မှာပြုတ်သွားတဲ့စစ်သူပုန်စစ်ကြောင်းဆိုအင်အားခြောက်ဆယ်ခန့်သာရှိတော့တယ်။ဒါတောင်စစ်ကိုင်းတိုင်းမှာစစ်တပ်လက်ကိုင်တုတ်အရပ်သားပျူစောထီးတွေကိုသုံးနေလို့ခံသာနေတာပါ။
ဒါကြောင့်စစ်ကောင်စီဟာစစ်ကိုင်းတိုင်းမှာဗျုဟာအသစ်ပြောင်းသုံးလာတယ်။မြေပြင်ကနေမသွားတော့ပဲလေကြောင်းကရဟတ်ယာဉ်လေးစီးလောက်နဲ့စစ်ကြောင်းထိုးချင်တဲ့နေရာကလာချတယ်။အလစ်အငိုက်ဖြစ်တဲ့အတွက်PDFတွေရောပြည်သူတွေရောပြင်ဆင်ချိန်မရတော့ဘူး။ပြီးရင်ထိုဒေသမှာလုယက်၊လူသတ်၊မီးရှို့ပြီးရဟတ်ယာဉ်နဲ့ပဲပြန်ခေါ်သွားတယ်။
ထိုဗျူဟာကိုတန်ပြန်ဖို့ကNUGဟိုတလောကပြောထားတဲ့လေကြောင်းရန်ကာကွယ်ရေးလက်နက်တွေစစ်ကိုင်းတိုင်းထဲကိုမြန်မြန်ရောက်လာဖို့လိုတယ်။လေကြောင်းကနေစစ်သူပုန်တွေကိုသယ်ယူပို့ဆောင်ပေးနေတဲ့ရဟတ်ယာဉ်တွေကိုပစ်ချနိုင်ရင်စစ်ကောင်စီအတွက်အတော်အကျပ်ရိုက်သွားမယ်။လွတ်မြောက်နယ်မြေတွေပါပေါ်ထွက်လာနိုင်တယ်။ဒါပေမယ့်သတိထားစရာတစ်ခုတော့ရှိတယ်။စစ်ကောင်စီဟာနယ်မြေတစ်ခုကိုလုံးဝလက်လွတ်လိုက်ရပြီဆိုရင်ထိုနယ်မြေကိုဘာမှမကျန်အောင်ဖျက်စီးလေ့ရှိတယ်။ထိုလွတ်မြောက်နယ်မြေတွေကိုမြေပြင်ကရောရဟတ်ယာဉ်နဲ့ပါစစ်ကြောင်းထိုးလို့မရဘူးဆိုရင်တိုက်လေယာဉ်တွေနဲ့အမှုန့်ချေလိမ့်မယ်။ဒီနှစ်မကုန်ခင်မှာပဲစစ်ကောင်စီကထိုသို့သောအကြမ်းဖက်မှုတွေလုပ်လာနိုင်တယ်။အဲ့ဒီအတွက်အခုကတည်းကတစ်ခုခုကြိုတင်ပြင်ဆင်ထားသင့်တယ်။