ကရင်ပြည်နယ်ကမြဝတီဝေါလေလမ်းပေါ်ကသုံးထပ်ကွေ့ကိုစစ်တပ်ကစစ်ကြောင်းထိုးနေတာနှစ်လနီးပါးရှိနေတဲ့အချိန်ထိရှေ့မတိုးနိုင်လို့တိုင်းမှုးအဆင့်ထိပါအပြောင်းအလဲလုပ်လိုက်တယ်။အခုရက်ပိုင်းကိုတပ်ရင်းခြောက်ရင်း၊လေကြောင်းတိုက်ခိုက်မှုတွေအပြင်အတွဲလိုက်ပစ်လို့ရတဲ့ဒုံးတွေပါသုံးပြီးအင်အားအဆမတန်နဲ့ထိုးစစ်ဆင်တာကြောင့်KNUဖက်ကဆုတ်ခွာပေးလိုက်ရတယ်။စစ်တပ်ဟာဘယ်လောက်ပဲစစ်သားအရေအတွက်ဆုံးရှံးမှုများနေပါစေ၊တော်လှန်ရေးတပ်ဖွဲ့တွေထပ်လက်နက်အင်အားအဆမတန်အားသာနေတာကတော့မြေပြင်ကလက်ရှိအမှန်တရားပဲ။ဥကရစ်ထစခန်းသိမ်းတိုက်ပွဲနဲ့အခုသုံးထပ်ကွေ့တိုက်ပွဲတွေကသက်သေပဲ။
ရခိုင်ပြည်နယ်မှာတော့တိုက်ပွဲတွေဟာခန့်မှန်းထားတဲ့အတိုင်းပြည်နယ်အလယ်ပိုင်းမြောက်ဦးမြို့နဲ့တောင်ပိုင်းတောင်ဂုတ်မြို့တွေအထိပြန့်နှံလာပြီ။မြောက်ဦးမြို့မှာဆိုစစ်သူပုန်တွေဟာတိုက်ပွဲနဲ့မဆိုင်ပဲရွာထဲကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်တာကြောင်းပြည်သူတွေသေဆုံးမှုရှိလာတယ်။မြောက်ပိုင်းမှာလဲစစ်ကောင်စီတပ်စခန်းတွေနေ့စဉ်နဲ့အမျှတိုက်ခိုက်ခံနေရပြီးလက်နက်ရိက္ခာဖြတ်တောက်ခံနေရလို့နယ်စပ်ကစခန်းအတော်များများကိုစစ်တပ်ကလက်လွတ်လိုက်ရတယ်။စစ်ကောင်စီတပ်ဖွဲ့ဝင်တွေသေဆုံးမှုဟာလဲရခိုင်မှာဒီတလအတွင်းတပ်ရင်းတရင်းစာလောက်ရှိလာပြီ။
စစ်ကောင်စီဟာကရင်မှာထိုးစစ်ဆင်နေပေမယ့်ရခိုင်မှာတော့ခံစစ်ပြင်နေရတယ်။