စစ်ကောင်စီရင်ဆိုင်နေရတဲ့ICJအမှုမှာဗြိတိန်ကပူးပေါင်းပါဝင်မယ်လို့ပြောလိုက်တယ်။မင်းအောင်လှိုင်သားပိုင်ဆိုင်တဲ့ကုမ္မဏီတွေကိုဒဏ်ခတ်အရေးယူလိုက်ပြီ။အဲ့ဒီနောက်တော့စစ်ကောင်စီကပြည်တွင်းမှာတရားဝင်နေထိုင်နေတဲ့ဗြိတိန်သံအမတ်ဟောင်းနဲ့ခင်ပွန်းကိုဖမ်းဆီးလိုက်တယ်။မင်းအောင်လှိုင်ကတော့လူမိုက်ဆန်ဆန်ဓားစာခံဖမ်းနေပြီ။
မနှစ်ကလဲအမေရိကန်နိုင်ငံသားFrontier Myanmar သတင်းအယ်ဒီတာကို ဖမ်းပြီး ထောင် ( ၁၁ ) နှစ်ချပစ်ခဲ့တယ်။ သိပ်မကြာပါဘူး၊ မြန်မာစစ်ဗိုလ်ချုပ်တွေနဲ့ပလဲပနံ့သင့်ခဲ့တဲ့သူလာပြီး ညှိနှိုင်းခေါ်ထုတ်သွားခဲ့တာတယ်။ဂျပန်သတင်းထောက်ကို ဖမ်းတယ်၊ ထောင်ထဲထည့်တယ် ၊ ဂျပန်အစိုးရကို လာညှိခိုင်းတယ်။ ဘယ်လိုညှိလိုက်တယ် မသိဘူး။ ဂျပန်သတင်းထောက်လည်း လွတ်သွားခဲ့တာပဲ။ဘယ်လိုတွေ ညှိခဲ့ကြတယ်ဆိုတာ မသိရပေမဲ့ ဆာဆာကာဝါ’ ဟာ စစ်ကောင်စီနဲ့ ခြေချင်းတွေလိမ်နေခဲ့တာတော့ အထင်သားပါပဲ။
အမေစုလက်ထက်စီးပွားရေးပညာရှင်ရှောင်တာနဲလ်ကို ဖမ်းထားတာတော့ သြစတေးလျက အခုထိလာမညှိသေးဘူး။ လာညှိရင် လွှတ်ပေးမဲ့လေသံတောင် ပေးနေတဲ့သတင်းတွေလည်း ကြားရတယ်။အခုလည်းဗြိတိန်သံအမတ်ဟောင်းကိုဖမ်းဆီးထိန်းသိမ်းပြန်ဆိုပဲ။ဗြိတိန်ကိုလာညှိစေချင်တဲ့သဘောထင်ပါရဲ့။
လူဖမ်းပြီး အကြပ်ကိုင်တယ်ပဲပြောပြော ၊ ပြန်ပေးဆွဲပြီး နိုင်ငံတကာကို စျေးညှိတယ်ပဲဆိုဆို ခုချိန်ထိတော့ ထိုနည်းက အလုပ်ဖြစ်နေပုံပဲ ။နိုင်ငံခြားသားတွေ ပြန်ပေးဆွဲပြီး သက်ဆိုင်ရာနိုင်ငံကို လာညှိခိုင်းတာဟာ ကမ္ဘာမှာ မင်းအောင်လှိုင်တစ်ယောက်ပဲ ရှိမယ်ထင်တယ် ။