မနေ့ကတိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားပြီးစစ်သူပုန်တွေအထိနာခဲ့တဲ့ကျွန်းလှနယ်ကိုညပိုင်းမှာစစ်တပ်ကတိုက်လေယာဉ်တွေနဲ့လာရောက်ဗုံးကြဲသွားတယ်။စစ်သူပုန်တွေရမ်းသမ်းဗုံးကြဲလို့မြေပြင်ကကလေးတစ်ယောက်နဲ့ကိုယ်ဝန်ဆောင်မိခင်အပါအဝင်အပါအဝင်အပြစ်မဲ့ပြည်သူသုံးဦးပွဲချင်းပြီးသေဆုံးသွားတယ်။ထိုနေရာကိုစစ်တပ်ကတည့်ဆည်ကစစ်သားတွေကိုရဟတ်ယာဉ်နဲ့ချက်ချင်းရွှေ့ပြောင်းပြီးစစ်ကူပေးထားတယ်။တည့်ဆည်မှာလဲစစ်သူပုန်တွေကပြည်သူခြောက်ဆယ်ကျော်ကိုဓားစာခံအဖြစ်ဖမ်းထားသေးတယ်။အခုသူတို့ကျွန်းလှဖက်ကိုရွှေ့ရတော့ဓားစားခံပြည်သူတွေလွတ်မြောက်သွားတာပေါ့။
ယင်းမာပင်ဘက်မှာလဲရင်ပေါင်တိုင်ရွာဖြစ်စဉ်တုန်းကရဟတ်ယာဉ်နဲ့လာချသွားတဲ့စစ်သူပုန်အင်အားနှစ်ရာခန့်ဟာရွာစဉ်လှည့်ပြီးသောင်းကျန်းနေတယ်။အိမ်ခြေရှစ်ရာလောက်ရှိတဲ့ရွာကြီးတစ်ရွာဖြစ်တဲ့ကပိုင်ရွာမှာအိမ်နှစ်ရာခန့်နဲ့အခြားရွာတွေအပါအဝင်စုစုပေါင်းအိမ်ခြေငါးရာခန့်မီးရှို့ခံလိုက်ရတယ်။ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကကြားဖြတ်တိုက်ခိုက်နေပေမယ့်ယင်းမာပင်နယ်ကကျွန်းလှနယ်လောက်လက်နက်အင်အားမပြည့်စုံလို့ထိရောက်မှုသိပ်မရှိလှဘူး။