ရန်ကုန်တိုင်းအတွင်း ဆိုင်ကယ်စီးနင်းခွင့်များပိတ်ပင်နေသော စစ်ကောင်စီက ဩဂုတ်လ ၂၁ ရက်နေ့မှစတင်ကာ ကျောက်တန်းမြို့နယ်အတွင်း၌ ဆိုင်ကယ်စီးနင်းခွင့် ပိတ်ပင်လိုက်ကြောင်း သိရ သည်။
ကျောက်တန်းမြို့နယ်တွင် ယမန်နေ့ သြဂုတ်လ ၂၁ ရက်နေ့မှစတင်ကာ စစ်ကောင်စီတပ်က မြို့နယ် အတွင်း ဆိုင်ကယ်စီးနင်းခွင့်ကို ရက်အကန့်အသတ်မရှိပိတ်ပင်ကြောင်းကြေညာခဲ့သည့်အတွက် မြို့နယ် အတွင်း သွားလာမှုနှင့် ဆိုင်ကယ်ကယ်ရီသမားများ အခက်အခဲနှင့် ရင်ဆိုင်နေရကြောင်း ဒေသခံများ ထံမှ သိရသည်။
သန်လျင်မှာတော့ ဆိုင်ကယ်စီးတာကို ပိတ်ပင်ထားတုန်းပဲ။ ဒါပေမယ့် စီးတဲ့သူတွေကိုလည်း ဖမ်းတဲ့အဖွဲ့ ဖမ်းသလို မဖမ်းတဲ့အဖွဲ့ကလည်းမဖမ်းဘူး။ ကျောက်တန်းမှာတော့ မနေ့ကစပြီး ဆိုင်ကယ်စီးနင်းခွင့် ပိတ် လိုက်တယ်။ အကြောင်းအရင်းတော့ မသိရသေးဘူး။ ပြည်သူတွေကတော့ ဆိုင်ကယ်စီးမရတာကြောင့် စားဝတ်နေရေး အခက်အခဲတွေရယ်၊ ငွေကြေးဖောင်းပွတာတွေကြောင့် အစစအရာရာ အကုန်ဈေးကြီး ကုန်တော့ ဒုက္ခတွေရောက်နေကြတယ်ဗျာ” ဟု သန်လျင်မြို့နယ်ဒေသခံက ပြောသည်။
စစ်ကောင်စီတပ်သည် သန်လျင်မြို့နယ်၊ တွံတေးမြို့နယ်၊ ဒလမြို့နယ်နှင့် ကော့မှူးမြို့နယ်များတွင်လည်း ဆိုင်ကယ်စီးနင်းခွင့်ပိတ်ပင်ထားပြီး ကျောက်တန်းမြို့နယ်သည် ဆိုင်ကယ်စီးနင်းခွင့်ပိတ်ပင်ခံရသည့် ပဉ္စမမြောက် မြို့နယ်ဖြစ်လာသည်။
Source – MIZZIMA