စစ်ကိုင်းတိုင်း၊ကသာနယ်မှာရွာထဲဝင်တပ်စွဲပြီးလုယက်စားသောက်မီးရှို့နေတဲ့စစ်သူပုန်တွေကိုပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုအဖွဲ့တွေတိုက်ခိုက်လို့၄၀ဦးခန့်သေဆုံးသွားတယ်။စစ်သူပုန်တွေအထိနာလို့ဧရာဝတီမြစ်ကိုတောင်ကျော်ပြီးလက်နက်ကြီးပစ်ကူတောင်းတယ်။ရဟတ်ယာဉ်ပါတက်လာပြီးစစ်ကူပေးပေမယ်ံအင်အားငါးဆယ်ကျော်ပါတဲ့စစ်ကြောင်းဟာဆယ်ယောက်ခန့်သာကျန်တော့တဲ့အထိအကျအဆုံးများခဲ့တယ်။
ကသာနဲ့သိပ်မဝေးတဲ့ကျွန်းလှမြို့နယ်မှာလဲPDFတွေဝိုင်းတိုက်လို့စစ်သူပုန်လေးဆယ်ကျော်သေဆုံးပြီးဗိုလ်နှစ်ဦးပါအရှင်ဖမ်းမိကာလက်နက်၂၀ကျော်ရလိုက်တယ်။စစ်ကိုင်းတိုင်းထဲမှာလက်နက်နှစ်ဆယ်ကျော်ရလိုက်တယ်ဆိုတာအားရစရာပဲ။အဲ့ဒီဘက်ကလက်နက်အင်အားချို့တဲ့ကြတယ်လေ။စစ်သူပုန်တွေအတွက်လေကြောင်းပစ်ကူလာခဲ့ပေမယ့်ဆေးမမှီတော့ဘူး။လေယာဉ်နဲ့လာမပစ်ခင်တစ်နာရီကျော်အတွင်းမှာပဲစစ်သူပုန်အများအပြားကိုငရဲပို့လိုက်နိုင်တယ်။
စစ်ကိုင်းတိုင်းအထက်ပိုင်းဒေသတွေဖြစ်တဲ့ကောလင်း၊ကသာ၊ကန့်ဘလူ၊ကျွန်းလှစတဲ့မြို့တွေကိုစစ်ကောင်စီဟာမထိန်းချုပ်နိုင်သလောက်ဖြစ်သွားပြီ။အထက်ပိုင်းမှာလဲကချင်ပြည်နယ်ဖြစ်တဲ့အတွက်KIAကလဲဝင်ရောက်ကူညီတိုက်ခိုက်ပေးတယ်။ထိုဒေသတွေမှာစစ်ကောင်စီဟာထင်သလိုမရမ်းကားနိုင်တော့ဘူး။