သိန်းပေါင်းသိန်းနဲ့ချီချမ်းသာပြီးကျောက်မျက်လုပ်ငန်းပေါင်းများစွာပိုင်ဆိုင်တဲ့လုပ်ငန်းရှင်တယောက်ဖြစ်တဲ့မန္တလေးကကိုကျော်သူရကိုစစ်ကောင်စီကNUGကိုထောက်ပံ့တယ်ဆိုပြီးနေအိမ်အပါအဝင်ပိုင်ဆိုင်သမျှအကုန်ချိတ်ပိတ်ကာဖမ်းဆီးလိုက်တယ်။ဒါပေမယ့်သိသာတဲ့သက်သေအထောက်အထားတော့မပြနိုင်ဘူး။
NUG ကရန်ပုံငွေရှာဖွေရေးခြေလှမ်းတွေကျဲလာတယ်။ အခွန်ကောက်မယ်အသံတွေ ကျယ်လာတဲ့အခါကျတော့သူဌေးတွေကို အကြောက်တရားပေးချင်တဲ့အတွက် သူတို့ကြည့်မရတဲ့လုပ်ငန်းရှင်တယောက်ကိုဖမ်းပြီးအကြောက်တရားပေးနေပြီ။သူ့ရဲ့ဒရိုင်ဘာကတဆင့်ဖော်ထုတ်ဖမ်းဆီးတယ်လို့ပြောပေမယ့် ဘယ်လိုမှ ယုတ္တိမတန်ပါဘူး။သိမ်းချင်လို့ သိမ်းတယ်။ လုပ်ငန်းရှင်တွေကိုအကြောက်တရားပေးချင်လို့ သိမ်းတယ်။
ဗိုလ်နေဝင်းကပြည်သူပိုင်ဆိုပြီး သိမ်းတယ်။ မင်းအောင်လှိုင်ကNUG PDF ကို ထောက်ပံ့လို့ဆိုပြီး သိမ်းချင်သလို သိမ်းတာမျိုးလုပ်တာပဲ။ဒီတိုင်းဆိုရင် သူဌေးတွေက NUG နဲ့ပတ်သက်သည်ဖြစ်စေ မပတ်သက်သည်ဖြစ်စေသူတို့လက်ခုပ်ထဲ ရေ ဖြစ်နေပြီ။ရှေ့မှာလဲဇေကမ္ဘာဦးခင်ရွှေ၊DENKO ဦးချစ်နိုင်တို့သာဓကရှိပြီးပြီ။ သူတို့မလိုချင်တဲ့သူဌေးဆို အချိန်မရွေး NUGPDF တံဆိပ်တွေ တပ်ပြီး ပိုင်ဆိုင်မှုသိမ်းယူလိုက်လို့ရတယ်ဆိုတာလုပ်ပြတာပဲ။
ဒီအမှုကတော့ သူဌေးတွေအားလုံးရဲ့ပိုင်ဆိုင်မူကို တံခါးခေါက်လိုက်တာမျိုးပဲ။ ဘယ်တော့များ ငါ့အလှည့်ရောက်မလဲဆိုတဲ့ စနစ်ဆိုးမှာ ဆက်နေမလား၊တော်လှန်မလားဆိုတာ သူဌေးတွေကိုယ်တိုင်ရွေးချယ်ရတော့မယ့် အချိန်တခုရောက်လာပြီ။