စစ်ကောင်စီဟာပြည်တွင်းမှာဖေ့ဘုတ်အစားထိုးဆိုရှယ်မီဒီယာတစ်ခုကိုဖန်တီးဖို့ကြိုးစားနေတယ်။OK PARဆိုတဲ့ Applicationတစ်ခု Google Play Store မှာရောက်ရှိနေပြီးထို Applicationဟာစစ်ကောင်စီကဖန်တီးထားတာလို့ယူဆရတယ်။စစ်ကောင်စီဟာသတင်းမီဒီယာပိုင်းမှာလုံးဝကျရှုံးနေတယ်။ဖေ့ဘုတ်ဟာတော်လှန်ရေးအတွက်ကြီးမားသောအထောက်အပံဖြစ်စေတယ်။စစ်ကောင်စီဟာဖေ့ဘုတ်ကိုပြည်တွင်းမှာသုံးလို့မရအောင်ကြိုးစားနေပေမယ့်အခုထိအအောင်မြင်သေးဘူး။ဒါကြောင့်တရုတ်ပုံစံဆိုရှယ်မီဒီယာတစ်ခုကိုတရုတ်ပညာရှင်ခေါ်ပြီးဖန်တီးနေတယ်။အဲ့ဒါသာတကယ်အကောင်အထည်ပေါ်လာရင်တော်လှန်ရေးအတွက်မလွယ်ဘူး။ဒီအကြောင်းဟာအခုရက်ပိုင်းလူတွေကြားမှာလူပြောများနေတယ်။
သေချာစဉ်းစားကြည့်ရင်တော့ထိုကိစ္စဟာဖြစ်မလာနိုင်ဘူးလို့ထင်တယ်။သုံးစွဲသူသန်းချီရှိတဲ့ဆိုရှယ်မီဒီယာပလက်ဖောင်းတစ်ခုကိုချက်ချင်းဖန်တီးဖို့ကလွယ်ကူတဲ့ကိစ္စတော့မဟုတ်ဘူး။ပညာရှင်တွေအများကြီးလိုတယ်။ဖေ့ဘုတ်တောင်မှဒီလိုအနေအထားရောက်ဖို့နှစ်ပေါင်းများစွာအချိန်ယူပြီးတည်ဆောက်ထားရတာ။တကယ်လို့စစ်ကောင်စီဖက်ကရအောင်လုပ်နိုင်ခဲ့တယ်ဆိုရင်တောင်မှ Google Play Storeကလက်ခံမှာမဟုတ်ဘူး။အရင်MRTV Applicationတောင်တရက်မခံပဲဖြုတ်ချခြင်းခံရတာပဲ။စစ်ကောင်စီနဲ့ပတ်သက်တဲ့အက်ပလီကေးရှင်းမှန်သမျှ Google Play Store ပေါ်တင်လို့ရမှာမဟုတ်ဘူး။အဲ့ဒီမှာတင်ဇတ်လမ်းပြတ်သွားပြီ။
စစ်ကောင်စီအနေနဲ့လုပ်နိုင်တာတစ်ခုကတော့ဖေ့ဘုတ်သုံးရင်ဖမ်းမယ်ဆိုတာမျိုးတော့လုပ်နိုင်တယ်။အခုချိန်ထိတော့မလုပ်သေးပေမယ့်တော်လှန်ရေးရေချိန်ပိုမိုမြင့်မားလာမယ့်တချိန်မှာတော့လုပ်လာနိုင်တယ်။အဲ့ဒီအချိန်မှာအာဏာသိမ်းစကလိုမျိုးတနိုင်ငံလုံးအင်တာနက်ဖြတ်တောက်တာကိုလဲပြန်လုပ်လာနိုင်တယ်။