ကုလသမဂ္ဂအထူးကိုယ်စားလှယ်နိုဟေဇာလင်းဟာကြိုတင်သတင်းထုတ်ပြန်ခြင်းမရှိပဲမြန်မာပြည်ကိုလာရောက်ပြီးအကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့ရုတ်တရက်တွေ့ဆုံခဲ့တယ်။သူမဟာစစ်ကောင်စီကိုအသိအမှတ်ပြုဖို့သွားရောက်တာမဟုတ်ဘူးလို့ပြောပေမယ့်ဘာရလဒ်မှထွက်မလာခဲ့ဘူး။စစ်ကောင်စီကိုအကြမ်းဖက်မှုတွေထပ်ပြီးမပြုလုပ်ဖို့ဖန်တရာကျေနေတဲ့တောင်းဆိုမှုတွေကိုပဲထပ်မံပြောဆိုခဲ့ပြီးထိုတောင်းဆိုမှုတွေနောက်မှာအရေးယူမှုတစ်စုံတရာကအခုချိန်ထိပါမလာသေးဘူး။သွေးစွန်းနေတဲ့မင်းအောင်လှိုင်နဲ့ရယ်မောပြီးလက်ဆွဲနုတ်ဆက်ခဲ့တဲ့သူမရဲ့ပုံတွေကြောင့်မြန်မာပြည်သူလူထုကိုသာစိတ်ပျက်စေခဲ့တယ်။
တကယ့်တော့သူမရဲ့ခရီးစဉ်ဟာသူတို့နှစ်ဦးကိုသာအမြတ်ထွက်စေခဲ့တယ်။ကုလသမဂ္ဂအထူးကိုယ်စားလှယ်နိုဟေဇာလင်းအနေနဲ့သူမရဲ့သက်တန်းတလျှောက်မြန်မာပြည်ကိုသွားရောက်နိုင်ခဲ့တယ်ဆိုတဲ့နိုင်ငံရေးအမြတ်တစ်ခုရရှိခဲ့ပြီးစစ်ကောင်စီအနေနဲ့လဲသူတို့ကိုကုလသမဂ္ဂကအရေးတယူလာရောက်တွေ့ဆုံတယ်ဆိုပြီးဝါဒဖြန့်လို့အဆင်ပြေသွားတယ်။မြန်မာပြည်သူတွေအတွက်ကတော့ဘာမှမျှော်လင့်စရာမရှိဘူး။
ယူအမ်နဲ့အာဆီယံဟာလက်ရှိအချိန်မှာမြန်မာအရေးကိုဝင်ရောက်ဖြေရှင်းနိုင်စွမ်းလုံးဝမရှိဘူးဆိုတာသေချာနေပြီ။သူတို့တွေအနေနဲ့လက်လျော့သင့်ပြီ။အပေါ်ယံအပြကောင်းအောင်လျှောက်လုပ်နေတဲ့အလုပ်တွေဟာစစ်ကောင်စီကိုသာနိုင်ငံရေးအမြတ်ထွက်စေလိမ့်မယ်။