မနက်သုံးနာရီကတည်းကမရပ်မနားရွာနေတဲ့မိုးကြောင့်ရုံးတက်ချိန်ရောက်တော့ရန်ကုန်တမြို့လုံးရေကြီးနေတယ်။ရပ်ကွက်အတော်များများအိမ်တွေထဲထိရေတွေဝင်လာသလိုတချို့လမ်းမကြီးတွေတော်ရေမြုပ်ကုန်တယ်။ရုံးတက်ဈေးသွားချိန်ဖြစ်တာကြောင့်သွားရေးလာရေးတွေအကုန်အဆင်မပြေဖြစ်ကုန်တယ်။
ရန်ကုန်မှာဒီလိုမျိုးရေမကြီးတာအတော်ကြာပြီ။အမေစုအစိုးရလက်ထက်ကစပြီးရေဆင်းမြောင်းတွေကိုသေချာပြုပြင်ခဲ့တဲ့အတွက်မြို့နေပြည်သူတွေရေဘေးဒုက္ခကင်းလွတ်ခဲ့တယ်။အခုတော့အဲ့ဒီရေဆင်းမြောင်းတွေလဲထိန်းသိမ်းမယ့်သူတွေမရှိတော့လို့ပြန်လည်ပျက်စီးသွားပြီထင်ပါရဲ့။
ဒီနှစ်မိုးရာသီကလဲမိုးကောင်းလွန်းတယ်။တာချီလိတ်၊မြဝတီ၊ပြင်ဦးလွင်စတဲ့မြို့တွေမှာလဲတောင်ကျရေတွေကြောင့်တမြို့လုံးနီးပါးပျက်စီးခဲ့သေးတယ်။ဒီကာလကြီးမှာသဘာဝဘေးအန္တရာယ်ကြီးကြီးမားမားမကျရောက်ဖို့ဆုတောင်းရမှာပဲ။