စစ်ကောင်စီ ပြောခွင့်ရ ဇော်မင်းထွန်းက မြန်မာနိုင်ငံတွင် စက်သုံးဆီ ပြတ်လပ်မှု မရှိဘဲ တန်ချိန် ၆ သောင်း ရောက်ရှိလာပြီး လာမည့် ရက်အနည်းငယ်အတွင်း တန်ချိန် ၄၃၀၀၀ ထပ်မံ ရောက်ရှိမည်ဟု စက်သုံးဆီများ တင်သွင်းထားတယ်လို့ ပြောဆိုလိုက်တယ်။ ဆီလုပ်ငန်းရှင်တွေကတော့သူပြောတာမဟုတ်ဘူးတဲ့။ ရောက်နေတဲ့ဆီသင်္ဘောတွေအတွက်ငွေချေဖို့စစ်ကောင်စီကဒေါ်လာမထုတ်ပေးဘူးပြောတယ်။
မြန်မာနိုင်ငံမှာ တစ်လကို တန်ချိန်နဲ့ဆိုရင် စက်သုံးဆီတန်ချိန် ၃ သိန်းခွဲနဲ့ ၅ သိန်းအကြား သုံးတယ်။ အခု တင်သွင်းတယ်ဆိုတဲ့ စက်သုံးဆီ တန်ချိန် ၁ သိန်းကျော်က တစ်လစာ မရဘူး။ ဆီတန်ချိန် ၁ သိန်းကျော်ဆိုတာ ၁၀ ရက်ကျော်၊ ၁၅ ရက်စာလောက်ပဲရှိတယ်။စစ်ကောင်စီက စက်သုံးဆီ လုပ်ငန်းရှင်များကို ဒေါ်လာ ငွေ လိုသလောက် မရောင်းဘဲ အကန့်အသတ်ဖြင့် ရောင်းပေးပြီး ပြင်ပစျေးကွက်မှ ဒေါ်လာ ဝယ်ခိုင်းတယ်။ ဒါကြောင့် ပြင်ပပေါက်စျေး အမေရိကန် ၁ ဒေါ် လာ ၃၀၀၀ ကျပ်ဖြင့် အမေရိကန်ဒေါ်လာ သန်း ၅၀ ပြင်ပစျေးကွက်မှ ဝယ်ယူ၍ ယခုရက်ပိုင်း အတွင်း ဆီတင်သွင်းရကြောင်း စက်သုံးဆီ လုပ်ငန်းရှင်တွေကပြောတယ်။
စစ်ကောင်စီမှာဒေါ်လာ မရှိတော့ဘူး။ မြန်မာငွေတွေက ဖောချင်း သောချင်း ရိုက် ထုတ်နေတယ်။ ဒေါ်လာစျေးက တက်၊ ကိုယ့်ကျပ်ငွေက တန်ဖိုးကျနေတယ်။ ငွေကြေး ဖောင်းပွမှုက မြင့်နေတယ်။ အခု ဖြစ်နေတဲ့ စက်သုံးဆီ ပြတ်လပ်တာက ဆီလုပ်ငန်းရှင်တွေကြောင့်မဟုတ်ပဲ စစ်ကောင်စီ က အကုန် ထိန်းချုပ်ထားလို့ဖြစ်တာ။ စျေးနှုန်းရော ဒေါ်လာရော သူတို့ ထိန်း ချုပ်ထားတယ်လေ။
ဒါကိုဖြေရှင်းဖို့စစ်ကောင်စီကရုရှားကနေစက်သုံးဆီတင်သွင်းဖို့ကြိုးစားနေတယ်။ဒါပေမယ့်အဲ့ဒါကလဲထင်သလောက်မလွယ်ဘူး။ဒီပုံအတိုင်းဆိုစက်သုံးဆီ ပြတ်လပ်မှုက ဩဂုတ်လကုန်မှာ မလွှဲမသွေထပ် ကြုံရလိမ့်ဦးမယ်ထင်တယ်။