ရခိုင်ပြည်နယ်မြောက်ပိုင်းမှာမနေ့ကစစ်တပ်နဲ့အေအေတို့တစ်နေ့ထဲသုံးနေရာမှာတိုက်ပွဲအကြီးအကျယ်ဖြစ်ပွားခဲ့တယ်။စစ်တပ်ဖက်ကသုံးဆယ်ကျော်သေဆုံးသွားပြီးလက်နက်ကြီးလက်နက်မျိုးစုံအမြောက်အမြားသိမ်းဆည်းရမိတယ်။ပြီးခဲ့တဲ့တပတ်ကလဲအေအေကနယ်ခြားစောင့်ရဲစခန်းကိုတိုက်ခိုက်လို့စစ်တပ်ဖက်ကအမြောက်အမြားသေဆုံးခဲ့သေးတယ်။အခုနောက်ပိုင်းရခိုင်ပြည်နယ်မြောက်ပိုင်းမှာတိုက်ပွဲတွေခပ်စိတ်စိတ်ဖြစ်နေပြီးအခုဆိုရင်တိုက်ပွဲကြီးတွေပါဖြစ်နေပြီဆိုတော့သေချာတာကစစ်ကောင်စီအတွက်နောက်ထပ်စစ်မျက်နှာတစ်ခုထပ်ပွင့်သွားပြီ။ဒီတော်လှန်ရေးမှာစစ်ကောင်စီအတွက်စစ်မျက်နှာများလေလေကိုယ်တွေအတွက်ကောင်းလေပဲလေ။
ကရင်ပြည်နယ်မှာလဲကောကရိတ်မြို့ပေါ်ကရဲစခန်း၊စုပေါင်းရုံးနဲ့တခြားဌာနဆိုင်ရာရုံးတချို့ကိုKNUကအလစ်အငိုက်ဝင်ရောက်တိုက်ခိုက်သွားတယ်။မြို့ပေါ်မှာစစ်တပ်ရင်းတစ်ခုရှိနေပေမယ့်ဘာမှမတုန့်ပြန်နိုင်ခဲ့ဘူး။တော်လှန်ရေးအားကောင်းတဲ့ဒေသတွေမှာစစ်ကောင်စီဟာမြို့ပြတွေကိုတောင်အပြည့်အဝမထိန်းချုပ်နိုင်တော့တဲ့အနေအထားဖြစ်လာပြီ။