ကချင်ပြည်နယ်ဖားကန့်မြို့တောင်ဖက်ကဆယ်ဇင်းရွာမှာKIA PDF တွေနဲ့စစ်တပ် ရှမ်းနီတပ်တို့ပြင်းထန်စွာတိုက်ပွဲဖြစ်ပွားလျက်ရှိတယ်။ထိုရွာဟာရွာကြီးဖြစ်ပြီးရွှေထွက်လို့ရွှေကျင်တဲ့အလုပ်သမားတွေအဓိနေထိုင်ကြတယ်။ရှမ်းနီတပ်နဲ့စစ်တပ်တို့ကရွာကိုဆက်ကြေးကောက်နေတဲ့အပြင်ရွာသားတွေကိုပါဒုက္ခပေးနေလို့KIAကဝင်ရောက်သိမ်းပိုက်ဖို့ကြိုးစားတယ်။တိုက်ပွဲကြောင့်ရွာလဲမီးရှို့ခံရပြီးရဲစခန်းနဲ့ဘုန်းကြီးကျောင်းပဲကျန်တော့တယ်။ဘုန်းကြီးကျောင်းထဲမှာပြည်သူတချို့ပိတ်မိနေပြီးရွာသားလေးဆယ်ကိုလဲစစ်တပ်ကသတ်ဖြတ်လိုက်တယ်လို့ကြားရတယ်။
ရှမ်းနီလက်နက်ကိုင်အဖွဲ့တွေကစစ်ကိုင်းတိုင်းအထက်ပိုင်းမှာလဲစစ်တပ်နဲ့ပူးပေါင်းပြီးပြည်သူကိုဒုက္ခမျိုးစုံပေးလျက်ရှိတယ်။အခုဆယ်ဇင်းရွာမှာလဲရွှေထွက်နေတာကြောင့်သူတို့အကျိုးစီးပွားအတွက်စစ်တပ်နဲ့ပေါင်းပြီးအလုပ်လုပ်နေတယ်။ကချင်ပြည်နယ်မှာKIAကတိုက်ပွဲကြီးတွေမဖော်ဆောင်တာအတော်ကြာနေပြီ။ဆယ်ဇင်းရွာဖက်ပြီးရင်တော့ကျောက်စိမ်းထွက်တဲ့ဖားကန့်ကိုထိန်းချုပ်ဖို့ဆက်လုပ်လိမ့်မယ်ထင်တယ်။