ဖေဖော်ဝါရီလလောက်ကစစ်တပ်ရဲ့လေကြောင်းရန်ကိုကာကွယ်နိုင်ဖို့ Dragon Fly Project နဲ့ကန်ပိန်းတစ်ခုပြုလုပ်ပြီးအလှူငွေတွေကောက်ခံခဲ့တယ်။စုစုပေါင်းဒေါ်လာ၂.၂သန်းလောက်ရခဲ့ပီးအအောင်မြင်ဆုံးပရောဂျက်အဖြစ်စံချိန်တင်နိုင်ခဲ့တယ်။အခုထိုပရောဂျက်ကရတဲ့ငွေတွေနဲ့ဝယ်ယူထားတဲ့လေကြောင်းရန်ကာကွယ်ရေးပစ္စည်းတွေစတင်တာဝန်ထမ်းဆောင်နေပြီလို့NUGကကြေငြာလိုက်ပြီ။
လေကြောင်းပစ်လက်နက်တွေဆိုတာငွေရှိတိုင်းအလွယ်တကူဝယ်ယူလို့မရနိုင်ဘူး။အလွယ်တကူဝယ်လို့ရမယ်ဆိုရင်စစ်တပ်နဲ့ တိုက်ပွဲ အကြီးအကျယ်ဖြစ်တဲ့KIA AA KNU MNDAA စတဲ့ EROs တွေ လက်ထဲမှာလေကြောင်းပစ်လက်နက်တွေဖောဖောသီသီရှိနေမှာပေါ့။မှောင်ခိုစျေးကွက်မှာလဲလေကြောင်းပစ်လက်နက်တွေအားလုံးတင်းတင်းကြပ်ကြပ်ပိတ်ထားတယ်။အထူးသဖြင့် မသမာသူတွေ လက်ထဲကိုလေကြောင်းပစ် လက်နက်တွေ ရသွားရင်အရပ်သား လေကြောင်းလိုင်းတွေအပေါ်ကိုခြိမ်းခြောက်မူ ပစ်ချမူတွေ ဖြစ်လာနိုင်လို့ပါ။NUGကိုရောက်လာတဲ့လက်နက်တွေကတော့ဘယ်နိုင်ငံထုတ်လဲဆိုတာစိတ်ဝင်စားစရာပဲ။
စစ်တပ်ဟာအခုချိန်ထိတောင့်ခံနိုင်နေတာလေကြောင်းပစ်ကူရှိနေလို့ပဲ။စစ်တပ်ရဲ့လေကြောင်းရန်ကိုခြေဖျက်နိုင်ရင်တော်လှန်ရေးကိုကြီးမားတဲ့အထောက်အပံ့ဖြစ်စေလိမ့်မယ်။ဒီလက်နက်တွေဟာစစ်ပွဲရဲ့အလှည့်အပြောင်းတောင်ဖြစ်လာနိုင်တယ်။အောင်ပွဲရဖို့သိပ်မဝေးတော့ပါဘူး။