Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

ဩဂုတ် ၀၇၊ ၂၀၂၂။ (တနင်္ဂနွေ)

August 12, 2022
in အာဏာသိမ်း ဒိုင်ယာရီ
Reading Time:1 min read
Share on FacebookShare on Twitter

ပြီးခဲ့တဲ့ရက်ပိုင်းကပြုလုပ်ခဲ့တဲ့အာဆီယံအစည်းအဝေးမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင်တက်တယ်။ ဘလင်ကင်က NUG နှင့်အခြား အရေးပါသည့်အဖွဲ့အားလုံးနဲ့ အာဆီယံက ထိတွေ့ဆက်ဆံဖို့ပြောသွားတယ်။မြန်မာကို လူသားချင်းစာနာမှုအကူအညီတွေပေးနိုင်ဖို့ စစ်ကောင်စီကို ဖိအားထပ်ပေးဖို့ လိုအပ်ကြောင်းပြောသွားတယ်။

USလိုနိုင်ငံကNUGကိုအသိအမှတ်ပြုဖို့အတွက်လိုအပ်ချက်တွေအခြေခံအနေနဲ့သင့်တင့်တဲ့နယ်မြေပိုင်စိုးမှု၊လုံလောက်စွာစုစည်းထားတဲ့ ညီညွတ်တဲ့တပ်ဒီ (၂) ချက်က အခြေခံအနေနဲ့ လိုအပ်ပါတယ်။ နယ်မြေပိုင်စိုးမှုက လေယာဉ်ပစ်မပါရင် ဖြစ်ဖို့ ခက်ခဲသေးတယ်​။ ဒီတော့ ပထမ အဆင့်အနေနဲ့ PDF,LDF အားလုံးကို ကျကျနနစုစည်းဖို့ လိုအပ်ပါတယ်။

LDF တွေအနေနဲ့ Command Chain အနေနဲ့ အသွင်ပေါ်လာရင် ပိုပြီး အင်အားတောင့်တင်းလာမယ်၊ပိုပြီး အကူအညီရနိုင်မယ်။ဒီလိုမျိူးစုစည်းပုံပေါ်မှု အသွင်ပေါ်လာလေလေ အိမ်နီးချင်းနိုင်ငံ၊ ကပ်လျက်အင်အားကြီးနိုင်ငံတွေက NUG ကို တကယ့်အစိုးရအနေနဲ့ အသိအမှတ်ပြုဖို့ ဖြစ်စဉ်က မြန်ဆန်လာလေလေ ဖြစ်မယ်။

လက်ရှိအာဆီယံဝန်ကြီးတွေ တွေ့ဆုံပွဲမှာ အင်ဒို-မလေး-စင်ကာပူ အုပ်စုက ထိုင်း-ကမ္ဘောဒီးယား အုပ်စုကို လွှမ်းမိုးသွားပြီး စစ်ကောင်စီရဲ့ ကိုယ်စားလှယ်တက်ခွင့် မပေးဘူးလို့ ဆုံးဖြတ်ခဲ့တယ်။ အဓိပ္ပါယ်က အာဆီယံဟာ NUG နဲ့ဆွေးနွေးဖို့ Option တခုသာ ကျန်တယ်ဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်။

နိုဝင်ဘာ အာဆီယံတွေ့ဆုံပွဲမှာ အာဆီယံဟာ NUG ကို မြန်မာရဲ့ Parallel Government ဖြစ်မဖြစ် ဆုံးဖြတ် ရမယ့်အခြေနဲ့ တွေ့ကြုံဖွယ်ရှိတယ်။စက်တင်ဘာဟာ မုတ်သုံအထွက်ကာလမို့ အောက်တိုဘာ၊ နိုဝင်ဘာမှာ စစ်ကောင်စီဟာ နယ်မြေမဆုံးရှုံးရရေးအတွက် ပိုမိုရုန်းကန်လာနိုင်ပါတယ်။ ဒီလို အခြေအနေတွေကို NUGရော LDFတွေရော PDF တွေရော ERO တွေပါ နက်နက်ရှိုင်းရှိုင်း နားလည်ပြီး သွေးစည်းညီညွတ်မှုကို ပိုမို တည်ဆောက်ကြဖို့ အရေးကြီးပါတယ်။ ဒါ့အပြင် အာဆီယံ၊အမေရိကန်၊အီးယူတွေရဲ့ ဆုံးဖြတ်ချက်ကို လွှမ်းမိုးတာက ပြည်တွင်းက အဖြစ်အပျက် တိုးတက်မှုတွေပဲ ဖြစ်တာ ပိုမို ထင်ရှားလာနေပါတယ်။

ဒါကြောင့် နိုဝင်ဘာတွေ အာဆီယံ အစည်းအဝေးမှာ NUG ကို အစိုးရတရပ်အနေနဲ့ ထည့်သွင်းဆွေးနွေးခွင့်အခြေအနေတိုးတက်လာဖို့ NUG က ကြိုးစားအပ်ပါတယ်။အာဆီယံရဲ့ သိမှတ်ပြုမှုဟာ US, EU, UNတို့အပေါ် လွှမ်းမိုးမှုရှိနိုင်ပါတယ်။ ဒီတော့ အာဆီယံက မြန်မာ့အရေး မိတ်ဆွေနိုင်ငံတွေအပေါ် စည်းရုံးနိုင်လေလေ NUG အနေနဲ့ ပိုမို လမ်းပွင့်လေ ဖြစ်ပါမယ်။

Related Posts

မေ ၀၄၊ ၂၀၂၅။ (တနင်္ဂနွေ)
အာဏာသိမ်း ဒိုင်ယာရီ

မေ ၀၄၊ ၂၀၂၅။ (တနင်္ဂနွေ)

May 4, 2025

စစ်ကိုင်းငလျင်ကြီးလှုပ်ပြီးတာ တစ်လကျော်ကြာခဲ့ပါပြီ။ဒီတစ်လအတွင်းမှာ ငလျင်ဒဏ်သင့် ပြည်သူတွေရဲ့နေထိုင်မှုဘဝအခြေအနေကတော့ တိုးတက်လာခြင်းမရှိသေးပါဘူး။အိမ်ပြိုသွားပြီး...

မေ ၀၃၊ ၂၀၂၅။ (စနေ)
အာဏာသိမ်း ဒိုင်ယာရီ

မေ ၀၃၊ ၂၀၂၅။ (စနေ)

May 3, 2025

တရုတ်ရဲ့ဖိအားပေးမှုတွေဟာ တော်လှန်ရေးကို တဖြည်းဖြည်းနဲ့ ကျဥ်းထဲကြပ်ထဲရောက်လာနေပါပြီ။တော်လှန်ရေးက ၄...

မေ ၀၂၊ ၂၀၂၅။ (သောကြာ)
အာဏာသိမ်း ဒိုင်ယာရီ

မေ ၀၂၊ ၂၀၂၅။ (သောကြာ)

May 2, 2025

စစ်​ကောင်စီ နှင့် TNLA တို့၏ ကူမင်း​ဆွေး​နွေးပွဲသ​ဘောတူညီချက်မရ​ကြောင်း...

You can copy without credits to our site. We Need Freedom.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English