ဒီနေ့ဟာ၁၉၈၈ခုနှစ်ကအာဏာရှင်ကိုတော်လှန်တဲ့လူထုအုံကြွမှုကြီးဖြစ်ခဲ့တဲ့၈လေးလုံးနှစ်ပတ်လည်နေ့ဖြစ်တယ်။လွန်ခဲ့တဲ့၃၄နှစ်ကတည်းကတိုက်ပွဲဝင်လာတဲ့ဒီမိုကရေစီတိုက်ပွဲဟာအခုချိန်ထိမပြီးဆုံးသေးဘူး။ပြည်သူတွေရဲ့အသက်အိုးအိမ်စည်းစိမ်တွေလဲအများကြီးဆုံးရှုံးခဲ့ပြီးပြီ။အခုအချိန်ထိစစ်တပ်ဟာမြန်မာ့နိုင်ငံရေးမှာနက်ရှိုင်းစွာပတ်သက်နေတုန်းပဲ။ဒီဖက်ဆစ်စစ်တပ်ကိုအမြစ်ဖြတ်မှအားလုံးချမ်းသာရာရမယ်။
အခုအချိန်ဟာလွတ်လပ်ရေးရပြီးနောက်ပိုင်းတိုင်းရင်းသားပြည်သူတရပ်လုံးဘုံရန်သူကိုထင်ထင်ရှားရှားမြင်တွေ့နေရချိန်ပဲ။အားလုံးပူးပေါင်းလုပ်ဆောင်ရမယ့်အချိန်ပဲ။ပြီးတော့ဒါဟာစစ်တပ်ကိုဖြုတ်ချပြီးနိုင်ငံသစ်ထူထောင်ဖို့နောက်ဆုံးအခွင့်အရေးဖြစ်တယ်။ဒီရေရှည်တိုက်ပွဲမှာပြည်သူတရပ်လုံးစစ်ကျွန်အဖြစ်နဲ့သားစဉ်မြေးဆက်နေသွားရလိမ့်မယ်။ဒီအရေးတော်ပုံအောင်မှဖြစ်မယ်။