Sexy Model တွေဖြစ်တဲ့ သင်ဇာဝင့်ကျော်နှင့်နန်းမွေစံတို့ကိုစစ်ကောင်စီကအများပြည်သူမြင်ကွင်းမှာမဖွယ်မရာတွေတင်ပြမှုနဲ့အမှုတပ်ပြီးဖမ်းဆီးလိုက်တယ်။တချို့တွေကဒီကိစ္စကိုလှောင်ကြတယ်။တချို့ကအပျော်အပျက်အဖြစ်သဘောထားကြတယ်။ သူတို့တွေဖမ်းဆီးခံရတဲ့ကိစ္စဟာ ရယ်စရာ၊ လှောင်စရာကိစ္စလည်း မဟုတ်သလို Speak Out လုပ်စရာမလိုတဲ့ အရေးမပါတဲ့ကိစ္စလည်း မဟုတ်ဘူး။ Sexy Model ဖြစ်ခြင်းဟာ လှောင်ပြောင်စရာ ကိစ္စလည်း မဟုတ်သလို သူတို့သည်လည်း ပြည်သူထဲက ပြည်သူပဲ ဖြစ်တယ်။ မတရား ဖမ်းဆီးခံရတာဟာ မတရားဖမ်းဆီးခံရတာပဲ ဖြစ်တယ်။ မတရားဖမ်းဆီးခံရခြင်းဟာ Sexy Model ဖြစ်ခြင်းကြောင့် ယုတ်လျော့သွားစရာ အကြောင်းမရှိဘူး။ သူတို့ဟာ လူ့အခွင့်အရေး ချိုးဖောက် ဖိနှိပ်ခံရတဲ့ Victim တွေပဲ ဖြစ်တယ်။
ပြီးတော့ သူတို့လို ပုရိသတွေ နှစ်သက်တဲ့ အချိုးအစားနဲ့ အမျိုးသမီးတွေဟာ မုဒိမ်းကောင်တွေ စုဝေးနေတဲ့ မုဒိမ်းစစ်တပ်လက်ထဲ ရောက်သွားတာဟာ သူတို့အတွက် အန္တရာယ်ဘယ်လောက်များလဲ မှန်းဆကြည့်လို့ရတယ်။ Sexy Model ဆိုတာ ယဉ်ကျေးမှုအရ လက်ခံချင်သည်ဖြစ်စေ၊ လက်မခံချင်သည်ဖြစ်စေ၊ ဒါဟာ သူတို့ Professional ပဲ။ သူတို့ဟာလူသားတစ်ယောက်ရဲ့ အခွင့်အရေးအတိုင်း အသက်ရှင်ရပ်တည်ခွင့်ရရမယ်။ ဒါဟာ ဒီမိုကရေစီစံနှုန်းပဲ။
နန်းမွေစံနဲ့ သင်ဇာဝင့်ကျော်ဆိုတာ နာမည်ကြီးသူမို့ လူသိတာ။ လူမသိ သူမသိ အမျိုးသမီးအခွင့်အရေး ချိုးဖောက်ခံနေရသူတွေ၊ လိင်ပိုင်းဆိုင်ရာ ထိပါးဖိနှိပ်ခံနေရတဲ့ အမျိုးသမီးတွေ အများကြီး ရှိနေသေးတယ်။
မတရားမှုကို လက်ပိုက်ကြည့်နေတဲ့အခါ မတရားမှုက တံခါးလာခေါက်ရုံမက အိမ်ပေါ်တက် ဖမ်းဆီးတတ်တယ်ဆိုတာလည်း သင်ခန်းစာ ယူရတဲ့ကိစ္စပါပဲ။