စစ်ကိုင်းတိုင်း ရေဦးမြို့နယ် တင်းတိန်ရံရွာကြီးနှင့်စျေးကြီးကို စစ်ကောင်စီတပ်များနှင့် ပျူစောထီးများ လက်နက်ကြီးဖြင့်ပစ်ခတ်ဝင်လာပြီးနောက် နှစ်ရက်ဆက်မီးရှို့ခံရတယ်။တင်းတိန်ရံရွာဟာ အိမ်ခြေ တထောင်ကျော်ရှိပြီး စျေးမှာ ဆိုင်ခန်း ၂၀၀ခန့်ရှိကာ စျေးတစ်စျေးလုံးနီးပါးလောင်သွားပြီးရွာအတွင်း အိမ်ခြေ ၆၀ကျော် ပြာကျသွားတယ်။
တင်းတိန်ရံဈေးဟာရေဦးမြို့နယ်မှာဒုတိယအကြီးဆုံးဈေးတစ်ခုဖြစ်ပြီး ရေးဦးမြို့နယ်နှင့် ဒီပဲယင်းမြို့နယ်ရှိလူများမှာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးလိုက်သည့် တင်းတိမ်ရံစံပြကျေးရွာ မှ တင်းတိမ်ရံစျေးကို မှီခိုအားထားစားသောက်နေရတာပါ။ ဈေးကို၄ ရက်ကြာ မီးရှို့ခံရတာပြီးနောက်ပိုင်းအဲ့ဒီရွာနားဝန်းကျင်ကကျေးရွာပေါင်း၄၀ကျော်ဟာအခြေခံစာသောက်ကုန်တွေဝယ်မရပဲပြတ်လပ်နေတယ်။ရွာခံများကထွက်ပြေးနေရပြီးတင်းတိမ်ရံရွာစျေးမီးရှို့ခံရမှုကြောင့် ဒီပဲယင်း၊ရေဦးနယ် ကျေးရွာများအတွက် ကူးသန်းရောင်းဝယ်ရေး စားဝတ်နေရေး ခက်ခဲနေတယ်။