ဗဟိုဘဏ်ကသူတို့အသေသတ်မှတ်ထားတဲ့ငွေလဲနှုန်းကိုတစ်ဒေါ်လာ၁၈၅၀ကျပ်မှ၂၁၀၀ကျပ်ကိုပြောင်းလဲလိုက်တယ်။ပို့ကုန်ရငွေတွေကိုလဲအကုန်ပြန်မအပ်ရတော့ပဲ၆၅ရာခိုင်နှုန်းပဲပြန်အပ်ဖို့သတ်မှတ်လိုက်တယ်။ဒေါ်လာဈေးကြောင့်တိုင်းပြည်စီးပွားရေးမှာအကျပ်အတည်းတွေဖြစ်လာပြီးနောက်အဖတ်ပြန်ဆည်ဖို့ဆေးမှီးတိုနဲ့ကုလိုက်တဲ့သဘောပဲ။ဒါပေမယ့်ဆေးမမှီတော့ဘူး။စီးပွားရေးအခြေအနေကကောင်းလာမှာမဟုတ်တော့ဘူး။သူတို့ကဒေါ်လာဈေးကိုတိုးမြှင့်ပြင်ဆင်လိုက်ချိန်မှာပဲအပြင်ဈေးကွက်မှာတစ်ဒေါ်လာ၃၀၀၀နားကပ်နေပြီ။ပြည်တွင်းမှာလည်ပတ်နေတဲ့ကုမ္မဏီတော်တော်များများလဲဒေဝါလီခံဖို့ပြင်ဆင်နေကြပြီ။ကုမ္မဏီတွေအနေနဲ့ဘယ်လိုမှဆက်လက်တောင့်ခံဖို့အဆင်မပြေတော့ဘူးလေ။ကုမ္မဏီတွေပြိုလဲသွားလာတာနဲ့အမျှအလုပ်လက်မဲ့တွေပိုများလာလိမ့်မယ်။အကျိုးဆက်တွေကတော့တွေးကြည့်ရင်မီးခိုးကြွက်လျှောက်ပဲ။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


