Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

အာဏာသိမ်းမှုတစ်နှစ်ခွဲအတွင်း တနင်္သာရီတိုင်းမှာ အရပ်သား ၂၀၀ ကျော် သေဆုံး

August 6, 2022
in သတင်း
Reading Time:1 min read
Share on FacebookShare on Twitter

၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးနောက် အခု တစ်နှစ်ခွဲကာလ အတွင်း ပစ်ခတ်သတ်ဖြတ်မှုတွေနဲ့ ပစ်မှတ်ထားတိုက်ခိုက်မှုတွေကြောင့် တနင်္သာရီတိုင်း အတွင်း အရပ်သား ၂၁၄ ဦး သေဆုံးခဲ့ပြီး ၈၉ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သုတေသနအဖွဲ့ ဖြစ်တဲ့ Southern Monitor က RFA ကို ပြောပါတယ်။

ဒီ့အပြင် အပြစ်မဲ့အရပ်သား ၁၇,၄၁၅ ဦး အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရပြီး လူနေအိမ် ၉၃ လုံးလည်း မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။ သေဆုံးသူတွေထဲမှာ စစ်ကောင်စီတပ်တွေရဲ့ ပစ်ခတ်သတ်ဖြတ်ခံရသူတွေ ပါဝင်သလို စစ်ကောင်စီကို သတင်းပေးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ လက်နက်ကိုင်ခုခံသူတွေရဲ့ သတ်ဖြတ်ခံရသူတွေလည်း ပါဝင်ပါတယ်။

၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းကစလို့ အရပ်သားသေဆုံးမှုတွေ သိသိသာသာ မြင့်တက်လာပြီး ဇွန်လနဲ့ ဧပြီလတွေမှာ ထိခိုက်သေဆုံးမှု အများဆုံးဖြစ်ခဲ့တယ်လို့ Southern Monitor အဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက RFA ကို ပြောပြပါတယ်။

“တနင်္သာရီတိုင်းမှာ Violence Incidents လို့ခေါ်တဲ့ အကြမ်းဖက် ပဋိပက္ခတွေက ၂၀၂၂ ခုနှစ်အတွင်းမှာ သိသိသာသာ မြင့်တက်လာတယ်ပေါ့နော်။ တိုက်ပွဲအရေအတွက်ရော မိုင်းဆွဲခြင်း၊ ဗုံးကွဲခြင်း စတဲ့ Remote Violence ဖြစ်စဉ်တွေရော၊ နောက်တစ်ခုက အရပ်သားသေဆုံးမှုဖြစ်စေတဲ့ လုပ်ကြံသတ်ဖြတ်တာပေါ့။ နှစ်ဖက်စလုံး ဒီလုပ်ကြံသတ် ဖြတ်တဲ့ဖြစ်စဉ်တွေက တော်တော်လေးကို မြင့်တက်လာတယ်လို့ ပြောလို့ရပါတယ် ခင်ဗျ”

လုပ်ကြံသတ်ဖြတ်မှုနဲ့ အရပ်သားသေဆုံးမှု အများစုက တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် နဲ့ ရေဖြူမြို့နယ်တွေမှာ အများဆုံး ဖြစ်ပွားခဲ့တာလို့ သူက ပြောပါတယ်။

ဒီ့အပြင် အရပ်သားတွေနေထိုင်တဲ့ ပုလောမြို့နယ်က နေအိမ် ၃၃ လုံး၊ သရက်ချောင်းက ၃၀ လုံး၊ တနင်္သာရီမြို့နယ်က ၁၈ လုံး၊ ထားဝယ်က ခြောက်လုံး၊ ရေဖြူမြို့နယ်က သုံးလုံး၊ လောင်းလုံးမြို့နယ်မှာ နှစ်လုံးနဲ့ မြိတ်မြို့နယ်မှာ တစ်လုံး စုစုပေါင်း နေအိမ် ၉၃ လုံး မီးရှို့ ဖျက်ဆီးခံခဲ့ရပါတယ်။

မီးရှို့မှုအများစုဟာ စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းတပ်တွေ ရွာတွေကို ဝင်ရောက် စီးနင်းပြီးနောက်ပိုင်း ဖြစ်ပွားခဲ့တာလို့ ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (ထားဝယ်) ရဲ့ ပြန်ကြားရေးတာဝန်ခံက RFA ကို ပြောပါတယ်။

“စစ်ကြောင်းဝင်လာတယ်။ PDF တွေနဲ့ တိုက်ပွဲဖြစ်တယ်။ သူတို့က ဘာမှလုပ်မရတော့ နီးစပ်ရာအိမ် မီးတင်ရှို့တာရှိတယ်။ နောက်ပြီး လောင်းလုံးဘက်မှာ မီးရှို့တာကျတော့ ထိပ်တိုက်တိုက်ပွဲဖြစ်တာမျိုး မရှိဘူးလေ။ အဲဒီမီးရှို့ခံရတာမှာဆိုရင် ထားဝယ်ခရိုင် သပိတ်ကော်မတီဝင်ဟောင်းပေါ့။ သူ့ရဲ့အိမ်လည်း မီးရှို့ခံရတယ်။ အဲဒီမီးရှို့ခံရတဲ့ အချိန် တုန်းကဆို သူက ထားဝယ်ခရိုင် သပိတ်ကော်မတီပေါ့။ ပျူစောထီးနဲ့ စစ်တပ်နဲ့ပေါင်းပြီး နေအိမ်တစ်အိမ်လောက် လာပြီးမီးရှို့တာလည်း ရှိတယ်”

တနင်္သာရီတိုင်းအတွင်း ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေနဲ့ လက်နက်ကိုင်ဆန့် ကျင်မှုအပေါ် ထောက်ခံသူတွေကို စစ်ကောင်စီက ဖမ်းဆီးထားပြီး ၂၀၂၂ ခုနှစ် ဧပြီလ ၂၉ ရက်နေ့အထိ သေဒဏ်ချမှတ်ခံထားရသူ နှစ်ဦးအပါအဝင် ပြစ်ဒဏ်သီးသီး ချမှတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ၂၂၁ ဦးရှိတယ်လို့ ထားဝယ်နိုင်ငံရေးအကျဉ်းသားများကွန်ရက်ရဲ့ စာရင်းတွေအရ သိရပါတယ်။

စစ်ကောင်စီရဲ့ အကြမ်းဖက်ဖြိုခွင်း၊ ဖမ်းဆီးမှုတွေကြောင့် တနင်္သာရီတိုင်းအတွင်း လက် နက်ကိုင်ခုခံမှုတွေဟာ ၂၀၂၁ ခုနှစ် ဩဂုတ်လမှာ စတင်ခဲ့တာလို့ ဒေသခံတွေက ပြောပါ တယ်။

လက်ရှိအချိန်အထိတော့ တနင်္သာရီတိုင်းထဲက တိုက်ပွဲအများစုဟာ စစ်ကောင်စီတပ်တွေရဲ့ နယ်မြေရှင်းလင်းမှုတွေကြောင့် ဖြစ်ပွားရတာဖြစ်ပြီး လက်နက်ကိုင်ခုခံသူတွေဘက်က ထိုးစစ်ဆင်တဲ့ အခြေအနေမရှိသေးဘူးလို့ ပုလောပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (PPDF) ရဲ့ ပြန်ကြားရေးတာဝန်ခံက RFA ကို ပြောပြပါတယ်။

“လက်ရှိ ကျနော်တို့ တိုက်ပွဲဖြစ်တဲ့အနေအထားက သူတို့ဘက်က စစ်ကြောင်းထိုးလာလို့ ဖြစ်တဲ့အနေအထားမှာပဲ ရှိသေးတယ်။ ကိုယ့်ဘက်နေ ထိုးစစ်ဆင်တဲ့ အနေအထားမှာ တော့ မရှိသေးဘူးပေါ့။ ဘာလို့လဲဆိုတော့ ပြင်ဆင်တဲ့အခြေအနေမှာပဲ ရှိသေးတာပေါ့။ ပြည်သူ့ကာကွယ်ရေး မဟာမိတ်တွေက ထိုးစစ်ဆင်တာတော့ မရှိသေးဘူး။ ပြီးခဲ့တဲ့ ပဝတ်ကုန်း တိုက်ပွဲကတော့ ရှိခဲ့တယ်။ ဒါက ကျနော်တို့ဘက်က ထိုးစစ်ဆင်တာပဲ ဖြစ်တာပေါ့”

Southern Monitor အဖွဲ့က ပြုစုထားတဲ့ စာရင်းအရ ၂၀၂၁ ခုနှစ် ဇွန်လကနေ ၂၀၂၂ ခုနှစ် ဇူလိုင်လအထိ တနင်္သာရီတိုင်းအတွင်း တိုက်ပွဲ ၁၃၃ ကြိမ်နဲ့ ဗုံး၊ မိုင်း အသုံးပြုတိုက်ခိုက်မှု ပေါင်း ၁၄၁ ကြိမ်အထိ ရှိခဲ့ပါတယ်။ တိုက်ခိုက်မှုအများစုဟာ ထားဝယ်မြို့နယ်၊ လောင်းလုံး မြို့နယ်၊ သရက်ချောင်းမြို့နယ်၊ ပုလောမြို့နယ်နဲ့ တနင်္သာရီမြို့နယ်တွေမှာ အများဆုံးဖြစ် ပွားခဲ့တာပါ။

တနင်္သာရီတိုင်းအတွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေအတွင်း စစ်ကောင်စီတပ်သားတွေရဲ့ ကျူးလွန်မှုကြောင့် အပြစ်မဲ့ အရပ်သား ထိခိုက်မှုတွေနဲ့ ပတ်သက်လို့သိနိုင်ဖို့ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဒီတစ်ပတ်အတွင်း ဖုန်းနဲ့ အကြိမ် ကြိမ်ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

အာဏာသိမ်းမှုနောက် စစ်တပ်ရဲ့ ပစ်ခတ်နှိမ်နင်းမှုတွေနဲ့ လက်နက်ကိုင်ပဋိပက္ခတွေ ကြောင့် တနင်္သာရီတိုင်း အပါအဝင် မြန်မာ တစ်နိုင်ငံလုံးမှာ ဒုက္ခသည်အသစ် ၈၆၆,၀၀၀ ဦးတိုးလာပြီး အာဏာမသိမ်းခင်ကရှိနေတဲ့ ဒုက္ခသည် ၃၄၆,၀၀၀ နဲ့ ဆိုရင် စုစုပေါင်း ဒုက္ခသည် ၁ ဒသမ ၂ သန်းကျော်အထိရှိလာပြီလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှု ဆိုင်ရာညှိနှိုင်းရေးရုံး (UN OCHA) က ဩဂုတ်လ ၃ရက် မနေ့က သတင်းထုတ်ပြန် ထားပါတယ်။

ဒုက္ခသည်အများစု လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ အရေးပေါ်လိုအပ်နေပေမယ့် စစ်ကောင်စီဥက္ကဋ္ဌက သူတို့အနေနဲ့ ဘယ်လိုတာဝန်ယူဆောင်ရွက်မယ်ဆိုတာကို ပြီးခဲ့တဲ့ သြဂုတ်လ ၁ ရက် အာဏာသိမ်းမှု ၁၈ လပြည့်မိန့်ခွန်းမှာ ထည့်မပြောခဲ့ပါဘူး။

Source-RFA

 

Related Posts

MNDAA နှင့် စစ်ရေးတင်းမာမှု တွေ့ဆုံဖြေရှင်းမည်ဟု SSPP ထုတ်ပြန် April 30, 2025
သတင်း

MNDAA နှင့် စစ်ရေးတင်းမာမှု တွေ့ဆုံဖြေရှင်းမည်ဟု SSPP ထုတ်ပြန် April 30, 2025

May 2, 2025

မဇ္ဈိမ။ ။ရှမ်းပြည်နယ်မြောက်ပိုင်းတွင် MNDAAနှင့် စစ်ရေးတင်းမာမှုကို နှစ်ဖက်ခေါင်းဆောင်များ...

တံဆိပ်ကပ် နိုင်ငံရေး ဒလန်ဟု တံဆိပ်ကပ်လိုက်လျှင် သက်ရောက်မှုကြီးတတ်သည်၊ နိုင်ငံရေး၊ ကျား မ တန်းတူရေး စသည့် လှုပ်ရှားမှုများတွင်လည်း တံဆိပ်ကပ်မှုများ တွေ့ရနိုင်သည်။ ဖျောက်ဖျက်ရမည့် အကျင့်ဆိုး ဖြစ်သည်။
သတင်း

တံဆိပ်ကပ် နိုင်ငံရေး ဒလန်ဟု တံဆိပ်ကပ်လိုက်လျှင် သက်ရောက်မှုကြီးတတ်သည်၊ နိုင်ငံရေး၊ ကျား မ တန်းတူရေး စသည့် လှုပ်ရှားမှုများတွင်လည်း တံဆိပ်ကပ်မှုများ တွေ့ရနိုင်သည်။ ဖျောက်ဖျက်ရမည့် အကျင့်ဆိုး ဖြစ်သည်။

March 13, 2025

အနီးခေတ် လွတ်လပ်ရေးအကြို ကြိုးပမ်းမှုကာလမှစ၍   ခေတ်စနစ်၊...

မြန်မာစစ်အာဏာရှင်၏ ရွေးကောက်ပွဲစကား – အချိန်ဝယ်ယူမှုနှင့် လိမ်လည်လှည့်ဖြားမှု
သတင်း

မြန်မာစစ်အာဏာရှင်၏ ရွေးကောက်ပွဲစကား – အချိန်ဝယ်ယူမှုနှင့် လိမ်လည်လှည့်ဖြားမှု

March 13, 2025

မင်းအောင်လှိုင်၏ နောက်ဆုံးထုတ်ပြန်ခဲ့သော ရွေးကောက်ပွဲဆိုင်ရာ ထုတ်ပြန်ချက်များသည် သတင်းမှားဖြန့်ချိမှု၊...

You can copy without credits to our site. We Need Freedom.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English